သခင်အိမ်ခေါ်လာတဲ့ ကြောင်ပေါက်လေးတွေကို အမြဲထိန်းပေးတတ်တဲ့ ကြောင်ဖိုးဖိုးကြီး

Emily @gingeralfalfa

ခြေသုံးချောင်းပဲရှိတဲ့ ကြောင်မလေးတစ်ကောင်ဟာ တိရစ္ဆာန်ဂေဟာကို ရောက်လာပြီးတဲ့နောက်ပိုင်း ပိုပြီးကောင်းမွန်တဲ့ဘ၀လေး ရရှိခဲ့ကြောင်း lovemeow သတင်းအရ သိရပါတယ်။ ၄င်းကြောင်လေးဟာ ဖလော်ရီဒါပြည်နယ် တဲဗရက်စ်မြို့မှာရှိတဲ့ Lake County တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတစ်ခုကို ခြေထောက်မှာ ဒဏ်ရာရပြီး ရောက်လာခဲ့တာပါ။ ကြောင်လေးရဲ့ ခြေထောက်အခြေအနေက တော်တော်လေးဆိုးနေတဲ့အတွက် ခြေထောက်ကိုဖြတ်ပစ်ပြီး ကုဖို့က လွဲလို့ ဆရာဝန်တွေမှာ နည်းလမ်းရှာမရခဲ့ပါဘူး။

Lake County ဂေဟာက ကြောင်လေးကို မော်ဂန်လို့ နာမည်ပေးပြီး သူ့ကိုတော့ ၄င်းဂေဟာက အယ်မလီဆိုသူ ၀န်ထမ်းကပဲ သနားတဲ့အတွက် အိမ်မှာမွေးဖို့ ခေါ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကြောင်လေးဟာ ခွဲစိတ်ကုထားရာကနေ နေပြန်ကောင်းလာပြီး ကျန်ရှိနေသေးတဲ့ ခြေချောင်း (၃) ချောင်းနဲ့ပဲ လမ်းလျှောက်နေနိုင်ပြီ ဖြစ်ပါတယ်။

“ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်ပိုင်း မော်ဂန်ကို ကျွန်မနဲ့ပဲ ခေါ်ထားလိုက်တယ်။ ခြေထောက်က အနာကိုတော့ နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးရတယ်။ မော်ဂန်သက်သာသွားတော့ သူ့ကို ကျွန်မအိမ်မှာ မွေးထားတဲ့ ကြောင်..ရန့်နဲ့ ဖြည်းဖြည်းချင်း မိတ်ဆက်ပေးခဲ့ပါတယ်…” လို့ အယ်မလီက ဆိုပါတယ်။

READ
မတွေ့တာ နှစ်ချီတဲ့အလား ကြည်နူးဖွယ် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတဲ့ သူငယ်ချင်းလေး(၂) ဦး
youtube/Love Meow

ရန့်ဟာ အယ်မလီအိမ်ခေါ်လာသမျှ ကြောင်ပေါက်လေးတွေဆိုရင် အလွန်ဂရုစိုက်ပေးလေ့ရှိပါတယ်။ ရန့်ကိုလည်း အယ်မလီက တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခေါ်လာပြီး မွေးစားခဲ့တာပါ။ အရင်တုန်းကတော့ ရန့်က အခုလို ပုံစံမျိုးမဟုတ်ပါဘူး။ တော်တော်လေးစုတ်စုတ်ပြတ်ပြတ် ပုံနဲ့ပါ။ အခုဆို ရန့်က (၁၄) နှစ်သားလောက် ရှိနေပါပြီ။

အယ်မလီက ရန့်ကို အိမ်မှာ ခေါ်မွေးပြီးကတည်းက စလို့ ရန့်ဟာ ကြောင်ဖိုးဖိုးကြီးသဖွယ် ကြောင်လေးတွေကို ဂရုစိုက် ထိန်းကျောင်းပေးလေ့ရှိပါတယ်။ ကြောင်ပေါက်လေးတွေကိုလည်း သူက သန့်ရှင်းရေးလုပ်ပေးတတ်ပါသေးတယ်။ မော်ဂန်ကတော့ အခုအခါ ကြောင်ဖိုးဖိုးကြီး ရန့်နဲ့ အတော်လေး ရင်းနှီးနေပြီ ဖြစ်ပါတယ်။ ရန့်က မော်ဂန်ကို လျာနဲ့ယက်ပေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့ အချိန်ရောက်လာရင် မော်ဂန်ဟာ ရုန်းကန်ရင်း ဆော့ကစားနေတတ်ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE