ကြောင်လေးကို လမ်းဖြတ်ကူးပေးနေတဲ့ ကြင်နာတတ်တဲ့ လမ်းပြပုလိပ်ကြီး

youtube/Rumble Viral

ကြောင်တွေဟာ ထူးဆန်းတဲ့သတ္တ၀ါတွေ ဖြစ်ကြပါတယ်။ သူတို့လုပ်ချင်တာဆိုရင် ဘယ်သူမဂရုမစိုက်ပဲ လုပ်လေ့ရှိတဲ့ သတ္တ၀ါလေးတွေပါ။ လူတွေရဲ့ စည်းမျဉ်းစည်းကမ်း ဆိုတာတွေလည်း သူတို့က ဂရုမစိုက်ပါဘူး။ အခုတွေ့မြင်ရမှာကတော့ ကြောင်လေးတစ်ကောင်ဟာ ကားတွေရှုပ်နေတဲ့ လမ်းကို ဖြတ်ကူးဖို့ ကြိုးစားနေတဲ့ ဗီဒီယိုဖြစ်ပြီး boredpanda က ဖော်ပြထားတာ ဖြစ်ပါတယ်။

youtube/Rumble Viral

ကြောင်လေးက လမ်းကူးဖို့ ပြင်နေတုန်း သူက ကံကောင်းစွာနဲ့ လမ်းပုလိပ်တစ်ယောက်နဲ့ သွားတွေ့ပါတယ်။ လမ်းပြပုလိပ်ကြီးကတော့ လမ်းကူးရတာ အခက်တွေ့နေတဲ့ ကြောင်လေးကို ကူညီပေးခဲ့တာပါ။ လမ်းပြပုလိပ်ကြီးက ကားတွေကို လက်ပြပြီး တားထားတဲ့အခါမှာတော့ ကြောင်လေးဟာ အေးဆေးညင်သာစွာပဲ လမ်းကိုဖြတ်ကူးခဲ့တာ ဖြစ်ပါတယ်။

youtube/Rumble Viral

အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ရှိတဲ့ ဒီအဖြစ်လေးကိုတော့ အဆိုပါလမ်းပြပုလိပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရိုက်ကူးပေးထားတာပါ။ လမ်းပြပုလိပ်ကြီးဟာ ကားလမ်းဘေးကို ကပ်လာတဲ့ကြောင်လေးကို မောင်းမထုတ်ခဲ့ပဲ လမ်းတစ်ဖက်ဆီ ကြောင်လေး အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားအောင် ကူညီခဲ့တာပါ။ ကြောင်လေးကလည်း လမ်းကို ရှေ့နောက် ပြေးနေတာမျိုးမလုပ်ပဲ ချစ်စရာကောင်းစွာနဲ့ လမ်းပြပုလိပ်ကြီးရဲ့ လမ်းညွှန်တဲ့အတိုင်း လမ်းကူးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ကာ လိုင်းပေါ်ကလူတွေကတော့ ကြင်နာတတ်တဲ့ ပုလိပ်ကြီးကို ချီးမွမ်းနေကြပါတယ်။

READ
အကြောင်းတစ်ခုကြောင့်ကွဲကွာခဲ့ရတဲ့ ဇနီးသည်နဲ့ ပြန်ပေါင်းထုပ်နိုင်ခဲ့တဲ့ အဖိုးအို

လင်းလင်း (ShweMom)

SHARE