ဈေးလာဝယ်တဲ့လူတိုင်းချစ်နေကြတဲ့ထိုင်းနိုင်ငံက ဖရဲသီးသည်ကြောင်ကလေး

[email protected]นายไข่มุก ครับ

ကြောင်ကလေးတွေဆိုတာ လူတွေအပေါ် ပွတ်သီးပွတ်သပ်အလုပ်ဆုံးနဲ့ လူတွေအပေါ် အချွဲနိုင်ဆုံး ချွဲစိန်လေးတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လဲလျောင်းနေတတ်ပြီး ဗိုက်ဆာလာတဲ့အခါကျမှ သခင်တွေအနား တိုးဝှေ့ကာ တညောင်ညောင်နဲ့ လုပ်တတ်ကြတဲ့ ကောင်လေးတွေပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ကြောင်ကလေးကတော့ တစ်ခြားကြောင်တွေလို မဟုတ်ပါဘူး။ ဖရဲသီးသည်ကြောင်ကလေးဖြစ်ပြီး သူ့သခင်မဆီ ဖရဲသီးလာဝယ်တဲ့လူတိုင်းကို မျက်မှောင်ကြုံ့ကြုံ့ပြီးလည်း ကြည့်တတ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

นายไข่มุก ครับ

အဆိုပါကြောင်ကလေးရဲ့ နာမည်ကတော့ Pearl ပဲ ဖြစ်ပါတယ်။ Pearl ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ဖရဲသီးရောင်းတဲ့ အမျိုးသမီးတတစ်ယောက်ရဲ့ ကြောင်ကလေးဖြစ်ပါတယ်။ Pearl ကို သူ့ရဲ့ သခင်မသာမက တစ်ရွာလုံးမှာ ရှိတဲ့ လူတွေအပြင် ဖရဲသီးလာဝယ်တဲ့ လူတိုင်းကလည်း အရမ်းချစ်ကြပါတယ်။ တစ်ခါတလေ သခင်မဖြစ်သူက ကိစ္စရှိလို့ ဆိုင်မှာ Pearl ကို ဖရဲ့သီးတွေနဲ့လည်း ထားထားခဲ့တတ်ပါတယ်။ ဈေးလာဝယ်သူက ဖရဲသီးဝယ်ပြီး ပိုက်ဆံမပေးရင်တောင်မှ Pearl ဟာ သူ့လက်လေးနဲ့ ဖရဲသီးကို ကိုင်ထားတတ်ပါသေးတယ်။

READ
ရေချိုးကန်လိုချင်တဲ့ ချစ်သူရဲ့ဆန္ဒကို တစ်ဖက်လှည့်နဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသားကြီး
นายไข่มุก ครับ

အဲဒီလိုအချိန်ကြရင်လည်း မျက်နှာကြီးက မဲ့ရွဲ့ထားတတ်ပါသေးတယ်။ ပိုက်ဆံချပေးလိုက်မှ ဖရဲသီးကိုင်ထားတဲ့လက်ကို လွှတ်ပေးတတ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့်လည်း ဖရဲသီးလာဝယ်တဲ့ ဈေးဝယ်သူမှန်သမျှဟာ ကြောင်ကလေး Pearl ကို အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။

Posted by นายไข่มุก ครับ on Wednesday, June 19, 2019

“Pearl ကို ကျွန်မအပါအဝင် လူတိုင်းနီးပါး ချစ်ကြပါတယ်။ အထူးသဖြင့် သူ့မျက်နှာကြီးကို မဲ့ထားတဲ့အချိန်မှာပေါ့။ သူ့ကိုယ်သူတော့ အဲဒီလိုမဲ့ထားရင် လူတွေက သူ့ကို ကြောက်မယ်လို့ ထင်နေလားတော့ မသိဘူး။ အမြဲလိုလို မျက်နှာကြောကတော့ တင်းတယ်။ အိမ်မှာဆိုရင်လည်း ဗိုလ်ပဲ။ သူ့မျက်နှာ အရိပ်အကဲကို ကြည့်နေရတယ်။ ဗိုက်ဆာရင်လည်း မျက်နှာကြီးက မဲ့ထားတတ်တယ်။ ကြောင်ဖြစ်ပြီး ကြောင်လိုမနေတာ ဒီတစ်ကောင်ပဲ တွေ့ဖူးပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ Pearl လေးကို အရမ်းချစ်ပါတယ်”လို့ Pearl ရဲ့ သခင်မဖြစ်သူက ပြောကြားခဲ့ပါတယ်။

READ
ဖြတ်ထိုးဥာဏ်ကောင်းလွန်းလို့ နာဆာမှာတောင် အလုပ်ဝင်သင့်တဲ့ ဥာဏ်ကြီးရှင်လေးများ
นายไข่มุก ครับ

Pyi Hein Kyaw

SHARE