အစားအသောက်တွေကိုတော့ အခုနောက် ပိုင်းမှာ App တွေ ကို အသုံးပြုပြီး အိမ်တိုင်ရာ ရောက် မှာစားကြတာ များပါတယ်။ကိုဗစ် ကာလ မှာ ဆိုရင် Food Delivery အလုပ်က တော်တော် လေး အလုပ် ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ဖိလစ်ပိုင်နိုင်ငံ Cebu City မှာ ရှိတဲ့ အသက် (၇)နှစ် အရွယ် က လေး မ လေးက တော့ အစားအစာ မှာ ပြီးနောက် အိမ် ရှေ့ကို စုအုံ ရောက်လာတဲ့ FoodPanda delivery rider အယောက် (၄၀) ကြောင့် အရမ်း အံ့သြ သင့် ခဲ့ရပါတယ်။Rider အကုန်လုံး ကလည်း မှာလိုက်တဲ့ အစား အသောက် တစ်မျိုးတည်းကို အများကြီး လာပို့ ကြတာပါ။ ဒီအကြောင်းကိုတော့ worldofbuzz မှာ ဖော်ပြထား တာပါ။

Barangay Mabolo ရဲ့ လမ်းကျဥ်းလေး ထဲမှာတော့ delivery rider တွေ နဲ့ ပြည့်သွားခဲ့ပါတယ်။(၄၂)ယောက်လုံးက လည်း အစားအစာ တစ်မျိုး တည်းကိုပဲ သယ်လာ ကြတာပါ။ကလေးမ လေးက အဖွားနဲ့ အတူ အိမ်မှာ ရှိနေပြီး မိဘ နှစ်ပါးက အလုပ် သွားနေချိန်မှာ ကိုယ့်ဟာ ကိုယ် မှာ စား ခဲ့ တာပါ။ဒီမိန်းကလေးရဲ့ နာမည်က တော့ Dann Kayne Suarez ပါ။မိန်းကလေး ရဲ့ အိမ်နီးချင်းတွေ ရဲ့ အပြော အရ တော့ အဲ့ဒီ ကလေးမ လေးက App ကို ကောင်းကောင်းသုံးတတ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့်လည်း အင်တာနက်က နှေး နေတာကြောင့် ကလေးမ လေးက မရ သေးဘူး ထင်ပြီး order menu ကို ခဏခဏ နှိပ် ခဲ့ပါတယ်။အဲ့ဒီမှာပဲ App ကလည်း Error တွေ တက်ပြီး Rider (၄၂)ယောက် ဆီကို Order တွေ ရောက် ကုန်ပြီး အခုလို တွေ ဖြစ် ကုန်တာပါ။
‼️UPDATE‼️ NANGAHALIN NA GUYS PERO ANG UBAN RIDER NANGLARGA NA BISAN WA SILA NAHALINI KY NAA PA SILAY MGA BOOKING….
Posted by Dann Kayne Suarez on Tuesday, November 24, 2020
Dann ကတော့ ဒီဖြစ်ရပ်ကို မှတ်တမ်း တင်ပြီး FB ပေါ်မှာ တင်ခဲ့ပါတယ်။ Box တွေ တိုင်းမှာ ထမင်းနဲ့ ကြက်ကြော်ကို သယ်လာတာ၊တစ်ခုကို RM 16 ကျ တယ်၊ဒီ ကောင်မ လေး တော့ RM 672 ပေးရတော့မယ်..” ဆိုပြီး တင်ထားတာပါ။ကံကောင်းချင် တော့ အိမ်နီးချင်းတွေ က ဒီအခက်အခဲ ကို ၀ိုင်း ကူ ဖြေရှင်းခဲ့ပါတယ်။ကလေးမလေး မှာလိုက်တဲ့ အစားအစာတွေ ကို ယူပေးခဲ့ ကြတာပါ။ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။Rider တစ်ချို့က တော့ အစားအစာတွေကို ပြန်ယူ သွားပေးခဲ့ကြပါတယ်။ကလေးတွေကို App နဲ့ အစားအစာ မှာခိုင်းရင် သတိထားကြအုံးနော်…………။
#SHWEMOM