အမြင်နဲ့တင်ပဲ ပူစပ်သွားစေတဲ့ တရုတ်နိုင်ငံရဲ့ ငရုတ်သီးစားပြိုင်ပွဲ

တရုတ်နိုင်ငံရဲ့ ငရုတ်သီးစားပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က Hunan ပြည်နယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ Tang Shuaihui ဆိုတဲ့ အမျိုးသားက ဆုရခဲ့ပါတယ်။ ငရုတ်သီး အတောင့် (၅၀)ကို တစ်မိနစ်အတွင်း ကုန်အောင်စားပြီး ဆုရခဲ့တာပါ။ ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ Tang Shuaihui ကိုတော့ ဆုအဖြစ် ရွှေဒင်္ဂါး (၂၄)ကာရက်ကို ချီးမြှင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ မိုင်ပေါင်း (၄၀၀) ဝေးကွာတဲ့ Chongqing မြို့ခံတွေလဲ လာရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။

9gag

ဒီပြိုင်ပွဲမှာတော့ ငရုတ်သီးတွေ အများကြီးထည့်ထားတဲ့ ကန်ကြီးထဲမှာ ပြိုင်ပွဲဝင်တွေက ငရုတ်သီးတွေကို စားပြီး ပြိုင်ပွဲဝင်ခဲ့ရတာပါ။ ငရုတ်သီးကန်ကြီးထဲမှာ ငါးမိနစ်နေပြီး ငရုတ်သီးစား ပြိုင်ပွဲဝင်ရတာပါ။ ပြိုင်ပွဲကျင်းပနေစဉ် အချိန်အတွင်းမှာ ပတ်ဝန်းကျင်ရဲ့ အပူချိန်ကတော့ (40 degrees Celsius) အထိရှိခဲ့ပါတယ်။

READ
နှစ်ဦးပေါင်း(၁၇၁)နှစ်ရှိတဲ့ဗြိတိန်က အသက်အကြီးဆုံးပူပူနွေးနွေးဇနီးမောင်နှံ
9gag
9gag

ပြိုင်ပွဲဝင်တွေအနေနဲ့ အရေးပေါ် အခြေအနေ ကြုံလာခဲ့ရင် ကုသပေးနိုင်ဖို့ ဆရာဝန်တွေကို ပြိုင်ပွဲထဲမှာ အသင့်ထားရှိပေးထားတာကိုလဲ တွေ့ရပါတယ်။ ပြိုင်ပွဲဝင် (၁၀) ယောက်ကို Tabasco ငရုတ်သီးအတောင့် (၅၀)ထည့်ပေးထားတဲ့ ပန်းကန်ပြားတွေကို ပေးထားပြီး အမြန်ဆုံး ကုန်အောင်စားနိုင်တဲ့ သူက ဆုရတာပါ။ Tang က (၆၈)စက္ကန့်အတွင်းမှာပဲ အတောင့် (၅၀) လုံးကို ကုန်အောင်စားပြီး ဆုရခဲ့တာပါ။

9gag
9gag

ငရုတ်သီးစားပြိုင်ပွဲကိုတော့ သြဂုတ်လကုန်ပိုင်းအထိ ကျင်းပပြုလုပ်သွားမှာပါ။ ပူအိုက်တဲ့ရာသီမှာ ငရုတ်သီး(၃)တန်ဖြည့်ထားတဲ့ ကန်ထဲမှာ ငရုတ် သီးစားပြိုင်ပွဲဝင်နေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

9gag
9gag

Source asiaone၊thesun၊9gag

SHARE