ဂိမ်းကစားတာ ထူးချွန်လွန်းလို့ Esports ဆရာမအဖြစ် သင်ကြားပေးနေရတဲ့ ကောင်မလေး

Weibo/Fuhan

“ဂိမ်းကစားတာ မကောင်းဘူး ၊ တစ်နေကုန်စာလဲ မလုပ်ဘူး၊ အဲဒီ အရည်မရအအဖတ်မရ ဂိမ်းတွေပဲ ကစားနေတယ်” အစရှိတဲ့ အသံတွေကို မိဘတွေ၊ လူကြီးတွေဆီက လူငယ်အများစုက ကြားဖူးကြမှာပါပဲ။ လူကြီးမိဘတွေ ပြောတာ အနည်းအကျဉ်းတော့ မှန်ပါလိမ့်မယ်။ ဒါပေမယ့် အခုလို နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ Dota2 ၊ PUBG ၊ Fortnite ၊ Mobile Legend အစရှိတဲ့ လူငယ်ကြိုက် ဂိမ်းတွေကလဲ ခေတ်နဲ့အပြိုင် Graphic အမြင့်စားတွေနဲ့ လူငယ်တွေရဲ့စိတ်ကို သိမ်းပိုက်ထားနိုင်တုန်းပါ။ အဆိုပါ ဂိမ်းတွေကပြုလုပ်တဲ့ Esports ဂိမ်းပြိုင်ပွဲတွေမှာ ဒေါ်လာသန်းချီပေးတဲ့ဆုတွေဟာ Esports gamers တွေအတွက် အားတက်စေတဲ့ သတင်းတွေပါပဲ။

Weibo/Fuhan

နောက်ထပ်အားတက်စေမယ့် သတင်းတစ်ခုကတော့ Esports game မှာ အရမ်းထူးချွန်လွန်းတဲ့ ကောင်မလေးတစ်ယောက်ကို Esports ဆရာမအဖြစ်တာဝန်ယူကာ သင်ကြားပေးခိုင်းနေတာပဲ ဖြစ်ပါတယ်။ အသက် (၂၃)နှစ်အရွယ်ရှိ Fu Han လို့ အမည်ရတဲ့ ကောင်မလေးဟာ Esports game လောကမှ ဆရာတစ်ဆူဖြစ်ပြီးတော့ အခုအချိန်မှာ Esports Game အကြောင်းကို သင်ကြားပို့ချတဲ့ ဆရာမတစ်ဦး ဖြစ်ပါတယ်။

READ
ရည်းစားဖြစ်သူ၏အရှင်လတ်လတ် မြေမြှုပ်ခြင်းကိုခံခဲ့ရတဲ့အမျိုးသမီး

Fu Han ကို တရုတ်ပြည်တောင်ပိုင်း Chongqing မြို့မှာ မွေးဖွားခဲ့ပြီး အထက်တန်းကျောင်းစတက်ကတည်းက Esports Game တွေနဲ့ စတင်ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ သူမအသက်၁၅နှစ်မှာ Chongqing Youth (League of Legends) ပြိုင်ပွဲမှာ အသက်အငယ်ဆုံး ကစားသမားအဖြစ်ဝင်ပြိုင်ခဲ့ပါတယ်။

Weibo/Fuhan

အဆိုပါ ပြိုင်ပွဲဟာ ၆ကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီး ၊ ပြိုင်ပွဲတစ်ကြိမ်မှာ အနည်းဆုံး အဖွဲ့ပေါင်း (၄၀)ကျော်ကနေ အများဆုံးအဖွဲ့ပေါင်း(၇၆)ဖွဲ့ အထိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးပါတယ်။ အဲဒီနောက်ပိုင်း Fu Han ဟာ Esports Game အကြောင်းကို သေသေချာချာနက်နက်နဲနဲ လေ့လာခဲ့ပြီး ဒေသတွင်း ကျင်းပသမျှ E-Sports ပြိုင်ပွဲတိုင်းလိုလိုမှာ အစီအစဉ်ကြေငြာသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Chongqing မြို့ရှိ အသက်မွေးဝမ်းမှုကျောင်းမှာ Esports Gaimg အကြောင်းကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချနေကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ပေ(၁၃၀၀၀)အမြင့် တောင်ပေါ်ကနေခုန်ချပြီး၊ လေယာဉ်ထဲကို ပျံသန်းရင်းဝင်ပြခဲ့တဲ့ လူစွန့်စား(၂)ဦး

Pyi Hein Kyaw

SHARE