ဒုက္ခရောက်နေတဲ့ လမ်းပေါ်က ဝက်ဝံပေါက်လေးကို အိမ်ခေါ်လာတဲ့ ခွေးလိမ္မာလေး

Wild Life Centre

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ကောင်တီက အိမ်မွေးခွေးလေ်းဟာ ဝက်ဝံပေါက်လေးတစ်ကောင် အိမ်သို့ခေါ်ဆောင်လာခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါ ဝက်ဝံပေါက်ကလေးဟာ ကိုယ်အလေးချိန် ၁ပေါင်ကျော်ကျော်လေးသာရှိပြီး မိခင်နဲ့ ကွဲခဲ့တာ ဖြစ်နိုင်ကြောင်း သိရပါတယ်။

Facebook/wildlifecenter

ဒီလိုနဲ့ အိမ်ပိုင်ရှင်မိသားစုဟာ အဆိုပါဝက်ဝံပေါက်လေးကို Varginia ပြည်နယ်ရှိ Wild Life Centre သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပတယ်။ “ နေ့လည်ဘက်ကြီး ကျွန်တော်တို့ အိမ်ကခွေး အပြင်ကပြန်လာတော့ ပါးစပ်နားမှာ အကောင်လေးတစ်ကောင် ကိုက်ချီလာတာတွေ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ခွေးသေကောင်လေးပဲ ထင်နေတာ။ သေချာကြည့်မှ အဲဒီကောင်လေးက အသက်ရှုနေသေးတာတွေ့ရတယ်။ အနားကပ်ပြီး သေသေချာချာထပ်ကြည့်မှ အဲဒီကောင်လေးဟာ ခွေးပေါက်လေး မဟုတ်ပဲ ဝက်ဝံပေါက်လေးတစ်ကောင် ဖြစ်နေတာ သိရပါတယ်” လို့ ခွေးပိုင်ရှင်မိသားစုမှ မိသားစုဝင် တစ်ဦးဖြစ်သူ Richard က ပြောပြခဲ့ပါတယ်။

READ
တရုတ်ပင်လယ်ကမ်းစပ်မှာ ကဏန်းကောင်ရေ သိန်းချီစုဝေးလို့ လူအများစိုးရိမ်နေ
Facebook/wildlifecenter
[email protected] Vaughan

“ ကျွန်တော်တို့လဲ အပြင်ထွက်ပြီး အနီးအနားလျှောက်ရှာကြည့်သေးတယ်။ ဝက်ဝံအမေကြီးများရှိမလားဆိုပြီးပေါ့။ အနီးတစ်ဝိုက်မှာတော့ ဘာကောင်မှ မတွေ့ရပါဘူး။ အိမ်မှာလဲ မွေးထားလို့က အဆင်မပြေလောက်ဘူးဗျ။ ဘာလို့လဲဆိုတော့ မွေးကင်းစအရွယ်ဆိုတော့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေလိုတယ်လေ။ ဒါနဲ့ပဲ ချက်ချင်း Varginai ပြည်နယ်မှာရှိတဲ့ Wild Life Centre ကို ပို့ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အဲဒီမှာဆိုရင်တော့ ကျွန်တော်တို့ထက် အဆပေါင်းများစွာ ဒီကောင်သေးလေးကို ဂရုစိုက်နိုင်မှာလေဗျာ” လို့ Richard က ထပ်မံပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE