ဝန်ထမ်းတွေကို Bonus အဖြစ် ကားအစီး(၄၀၀၀)ကျော် ပေးခဲ့တဲ့ တရုတ်ကုမ္ပဏီ

Image:Youtube screenshot /CHINA LIVE

တရုတ် Steel ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုက တော့ သူ့ ကုမ္ပဏီ က ၀န်ထမ်းတွေ ကို Bonus အဖြစ် ကားေ တွ လက် ဆောင် ပေး ခဲ့ပါတယ်။ ကားသစ် အစီးရေ(4,116 )ကို လက်ဆောင် အဖြစ် ပေးခဲ့တာပါ။ ငါးနှစ်ဆက်တိုက် သတ်မှတ်ထားတဲ့ အမြတ် ကို ရလို့ အခုလို ချီးမြှင့် ပေးခဲ့တာပါ။အခုဆိုရင် နိုင်ငံတကာ သတင်းမီဒီယာ တွေမှာ အထူး တလည် ဖော်ပြ ခံ နေရပါတယ်။ဒီအေ ကြာင်းကိုတော့ odditycentral မှာ ဖော်ပြ ထား ပါတယ်။

Image:Youtube screenshot /CHINA LIVE

အောက်တိုဘာ (၁)ရက်နေ့မှာတော့ Jiangxi West Dajiu Iron & Steel Corporation က နေ ပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ဒီပွဲ ကေ တာ့ ငါးနှစ်ဆက်တိုက် သတ်မှတ်ထားတဲ့ အကျိုးအမြတ်ကို ရ အောင် စွမ်းဆောင် ပေးခဲ့တဲ့ ၀န်ထမ်းတွေကို ချီးကျူး ဂုဏ်ပြု ပေးတဲ့ ပွဲ ပါ။ကြိုးစား ပေးတဲ့ ၀န်ထမ်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကားအစီးရေ 4,116 လက်ဆောင် ပေးခဲ့တာပါ။လက်ဆောင် ပေးတဲ့ အထဲမှာတော့ Jiangling Ford Territory 2,933 ၊ FAW-Volkswagen Magotan 1,183 စီး ပါဝင်ပါတယ်။Sohu မီဒီယာရဲ့ ဖော်ပြ ချက် အရ ဆိုရင် တော့ ကား တွေရဲ့ တန်ဖိုး စုစု ပေါင်းက တော့ ယွမ်ငွေ သန်း ငါးရာ ၊ အ မေရိကန် ဒေါ်လာ နဲ့ ဆိုရင် $74 သန်း ကျ သင့်ပါတယ်။

READ
အမှတ်မထင်မြိုချမိပြီး အလေးသွားရာကနေ ပြန်ထွက်ကျလာတဲ့ နားကြပ်တစ်ခုရဲ့ဖြစ်အင်

ကုမ္ပဏီ က ကားလက်ဆောင်ပေးတဲ့ နေရာမှာ လိုင်စင် အတွက် ၊ငါးနှစ် အာမခံ နဲ့ မော်တော်ယာဉ် အခွန် တွေ အတွက်  ကုန်ကျ စရိတ် ကိုပါ ကုမ္ပဏီ ဘက်က ပေးဆောင်သွားမှာပါ။အောက်တိုဘာ (၁)ရက်နေ့က ကျင်းပတဲ့ ပွဲမှာတော့ ကားတွေ အများကြီး စုဝေး နေတာကို တွေ့ ရမှာပါ။ပွဲက ပုံတွေ နဲ့ ပတ်သက်ပြီး ၀န်ထမ်းတွေနဲ့ အကျိုးအမြတ်ကို မျှ ဝေ ခံစားတဲ့ ကုမ္ပဏီ ကို ချီးကျူး နေ တဲ့ သူတွေ ရှိသလို၊ ၀န်ထမ်းတွေကို ကြိုက်တဲ့ ကား  ၀ယ်လို့ ရအောင် ကားအစား ပိုက်ဆံ ပေးသင့်တယ် ဆိုပြီး ပြော နေကြတဲ့ သူတွေ လည်း ရှိပါတယ်။

READ
ပျားရည်စမ်းခရီးထွက်ရင်း ပိုက်ဆံမရှိတော့လို့ အိုလံပစ်သံတမန်အဖြစ် လုပ်ကိုင်နေတဲ့ စုံတွဲ

#SHWEMOM

SHARE