အိပ်ရေးပျက်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ပိုမိုတက်စေနိုင်ကြောင်း သိရ

Shutterstock/ Eviart

လူတစ်ယောက်ဟာ တစ်နေ့တာကို စွမ်းအင်ပြည့်ဝစွာ ဖြတ်သန်းနိုင်ဖို့ အိပ်ရေး၀၀အိပ်ဖို့ လိုပါတယ်။ အိပ်ရေးပျက်တာတွေ များလာတဲ့အခါ နောက်တစ်နေ့အတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချင်တယ်၊ လုပ်ရမယ့်အလုပ်တွေကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်တစ်နေ့တာ အိပ်စက်အနားယူချိန်ကို အလေးထားဖို့ အကြံပြုလိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ အိပ်ရေးပျက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းကြားထဲမှာ ဆက်နွယ်မှုရှိနေတာကို တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တဲ့အခါ စွမ်းဆောင်ရည်တွေ ကျဆင်းတဲ့အပြင်၊ အလိုလိုနေရင်း စိတ်တိုတာ၊ စိတ်မကြည်တာ၊ တစ်ပါးသူတွေကို အပြစ်မြင်နေတာတွေ ဖြစ်တတ်ပါတယ်။ (၂၀၁၆) ခုနှစ်တုန်းက အမ်စတာဒမ်တက္ကသိုလ်နဲ့ ကင်းဂ်စ်ကောလိပ်တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ အိပ်ရေးပျက်တဲ့အခါ လူတွေဟာ ကယ်လိုရီတွေ ပိုမိုစားသုံးတတ်တယ်လို့ လေ့လာသိရှိရပါတယ်။

Shutterstock/ Odua Images

၎င်းသုတေသနမှာ လူပေါင်း (၁၇၂) ယောက်ပါဝင်ပါတယ်။ စမ်းသပ်ချက်ထဲ ပါဝင်သူလူအချို့ကို ရက်သတ္တပတ်(၂) ပတ်ကြာ အိပ်ရေးမ၀ တ၀နဲ့ အိပ်ခိုင်းပြီး စမ်းသပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေ စားသုံးတဲ့ ကယ်လိုရီပမာဏတွေကိုပါ လေ့လာတွက်ချက်ခဲ့ကြပါတယ်။ ဒီအခါမှာ တွေ့ရှိရတာက အိပ်ရေးပျက်တဲ့လူတွေဟာ နောက်တစ်နေ့ရောက်တဲ့အခါ အဆီများတဲ့ အစားအသောက်တွေကို ပိုမိုရွေးချယ်ပြီး စားသုံးတတ်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

READ
အိမ်ထောင်သည်များကလေးလိုချင်ရင် အဓိကရှောင်ရမယ့်အရာ

ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ အိပ်ရေးပျက်တာကိုကာမိအောင် အစားအသောက်တွေကို မဆင်မခြင်စားရာက ကယ်လိုရီတွေဟာ ထပ်တိုးတိုးပေါင်းသွားတယ်လို့ ပညာရှင်တွေက တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။  အိပ်ရေးပျက်တဲ့အခါ စားသောက်တဲ့ပုံစံနဲ့ ကိုယ်တွင်းဟော်မုန်းတွေကို အပြောင်းအလဲဖြစ်စေကြောင်း လေ့လာချက်တစ်ခုမှာ ဆိုပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ခြင်းဟာ လေ့လာသင်ယူမှုနဲ့ စိတ်ပါဝင်စားမှုကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ဧရိယာနဲ့ ဆက်စပ်နေတာကိုလည်း သိရပါတယ်။

Shutterstock/ Nina Buday

လူတွေဟာ တကယ်လို့ အိပ်ရေးမ၀ဘူးဆိုရင် နောက်တစ်နေ့မှာ ကိုယ်စားနေကြ အစားအသောက်တွေအစား မတူညီတဲ့အစားအသောက်အမယ်တွေကို ရွေးချယ်စားသုံးတတ်ကြပါတယ်။ ဒီလို ရွေးချယ်တဲ့အစားအသောက်တွေဟာလည်း အချိုရည်တွေ၊ အဆီများတဲ့ ဟမ်ဘာဂါလို၊ ကြက်ကြော်လို စားစရာမျိုးတွေ ဖြစ်နေတတ်ကြောင်း ပညာရှင်တွေကဆိုပါတယ်။  ဒါကြောင့် ညဘက်ကောင်းကောင်းမအိပ်တဲ့အခါ ကိုယ်တွင်းဇီဝစနစ် ဖြိုခွဲနိုင်အားတွေ လျော့ကျပြီး  ခန္ဓာကိုယ်မှာ အဆီတွေစုကာ ကိုယ်အလေးချိန်တိုးလာခြင်း ဖြစ်တယ်လို့ Brightside အွန်လိုင်းစာမျက်နှာကနေတဆင့် အခုလိုသိရှိရပါတယ်။

READ
အအိပ်လွန်ခြင်းဟာလည်း အိပ်ရေးပျက်ခြင်းကဲ့သို့ ဆိုးကျိုးများရှိပါတယ်

လင်းလင်း (ShweMom)

SHARE