Pre-wedding ပုံ ရိုက်နေတုန်း လှိုင်းပုတ်ခံရလို့ ပင်လယ်ထဲ မျောသွားခဲ့တဲ့ ကြင်စဦးဇနီးမောင်နှံ

Twitter/ABCNews

ချစ်သူနှစ်ဦးဟာ လက်မထပ်ခင်အချိန်မှာ Pre-wedding photo ရိုက်လေ့ရှိပါတယ်။ အဲဒီလိုအချိန်ဟာ တော်တော်ကြည်နူးဖို့ကောင်းသလို တော်တော်လည်း ပျော်ရပါတယ်။ နောက်ခံ တောင်တန်းကြီးတွေ၊ ပင်လယ်ကြီးတွေမှာ ပို့စ်ကောင်းကောင်းပေးပြီး ဓာတ်ပုံရိုက်လို့ အင်မတန်ကောင်းတဲ့အချိန်ပါပဲ။ ဒါပေမယ့် Southern California ကမ်းခြေမှာ Pre-wedding လာရိုက်တဲ့ စုံတွဲတစ်တွဲကတော့ မပျော်နိုရှာပါဘူး။ ဘာကြောင့်လဲဆိုတော့ အဆိုပါစုံတွဲဟာ ကမ်းခြေပေါ်က ကျောက်တုံးမှာ ဓာတ်ပုံရိုက်နေရင် လှိုင်းပုတ်ခံရကာ ခြေချော်ကျပြီး ပင်လယ်ထဲမျောပါသွားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Twitter/ABCNews

အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ စုံတွဲဟာ Ionel Coroama အမည်ရှိ ဓာတ်ပုံဆရာနဲ့ ကမ်းခြေတောက်လျှောက် ဓာတ်ပုံရိုက်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သတို့သားလောင်းက ကျောက်တုံးကြီးပေါ်မှာ ဓာတ်ပုံရိုက်ချင်ကြောင်း ပြောကြားခဲ့သလို အဆိုပါအတွဲဟာ ကျောက်တုံးပေါ်ကို တက်ခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ချက်ချင်းဆိုသလို လှိုင်းလုံးကြီးတစ်လုံးဟာ ရုတ်တရက်ပေါ်လာပြီး အဆိုပါ ကြင်စဇနီးမောင်နှံကို ပင်လယ်ထဲ ဆွဲချသွားခဲ့ပါတယ်။

READ
မသင့်လျော်မှုတွေကြောင့် ဝေဖန်မှုတွေများလာခဲ့တဲ့ ကလေးအလှမယ်လောက

“ရုတ်တရက်ဆိုတော့ ကျွန်တော်တောင် ကြောင်သွားပါတယ်။ အဲဒီအချိန်လှမ်းကြည့်လိုက်တော့ နှဏ်ယောက်လုံးဟာ ရေစီးကြောင်းနဲ့ မျောပါသွားခဲ့တယ်။ ကျွန်တော်လည်း ချက်ချင်း Laguana Beach Fire Department ကို ဖုန်းဆက်လိုက်တယ်။ ကံကောင်းတာတစ်ခုကတော့ အတွဲနှဏ်ယောက်စလုံးက ရေကူးတတ်တော့ မြုပ်မသွားဘူး။ ရေပေါ်မှာ ယက်ကန်ယက်ကန်နဲ့။ ခဏလဲကြာရော ကယ်ဆယ်ရေးသမားတွေ ရောက်လာပြီး ဆင်းကယ်ခဲ့ပါတယ်။ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” လို့ Ionel က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE