တိုးတက်ပြောင်းလဲနေတဲ့ ဒီခေတ်ကြီးမှာ လူတိုင်းနီးပါး ဆိုရှယ်မီဒီယာတွေကို အသုံးပြုလာကြပြီပဲ ဖြစ်ပါတယ်။ ဒီခေတ်ကြီးထဲမှာတော့ လူတိုင်းလိုလိုဆီမှာ Facebook အကောင့်တွေ၊ Instagram အကောင့်တွေ၊ Twitter အကောင့်တွေ ရှိနေကြပြီပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာဆိုတာကလည်း သုံးတတ်ရင်တော့ ကိုယ့်အတွက် အရမ်းအသုံးဝင်သလို မသုံးတတ်ရင်တော့ အချိန်တော်တော်ကုန်စေနိုင်ပါတယ်။ အခုလည်း ဆိုရှယ်မီဒီယာကနေ ချစ်ကြိုးသွယ်ခဲ့ကြတဲ့ အတွဲတစ်တွဲအကြောင်းကို ပြောပြပေးချင်ပါတယ်။ သူတို့နှစ်ယောက်ဟာ Twitter ပေါ်မှာ ဆုံတွေ့ခဲ့ကြပြီး အပြင်မှာတွေကတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားခဲ့တာကြောင့် စေ့စပ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ကောင်မလေးကတော့ Yara အမည်ရ ကွန်ပျူတာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ကောင်လေးကတော့ Beshoy အမည်ရ Civil အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Twitter ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Beshoy ဟာ Yara ရှိတဲ့ အမေရိကန်နိုင်ငံ၊ New Jersey မြို့ကို လိုက်လာခဲ့ပြီး Yara နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြင်မှာတွေ့တဲ့ အခါမှာတော့ သူတို့နှစ်သီးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခဲ့ပြီး ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ တွဲလာတာ ၁ နှစ်ခွဲကျော်ကြာတဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာနိုင်တွေဖြစ်ပြီး အရမ်းချစ်ခဲ့တာကြောင့် စေ့စပ်ခဲ့ကြပါတယ်။
I’m engaged to a man I met on Twitter ❤️ pic.twitter.com/0qOaQNgwwi
— يارا (@yaryoush_) December 13, 2020
ဒီအဖြစ်အပျက်ကို Yara က သူရဲ့ Twitter အကောင့်ကနေ Twitter ပေါ်မှာ တွေ့ဆုံခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး စေ့စပ်ခဲ့တဲ့အကြောင်းကို ပို့စ်တင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်ကို react ပြုလုပ်သူ 174k အထိ ရှိခဲ့ပြီး လူတော်တော်များများဟာ Yara အဖြစ်ကို အားကျခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တစ်ချို့ကလည်း သူတို့ရဲ့ Twitter အကောင့်တွေကို အဲဒီလိုကောင်လေးတစ်ယောက်ရှာပေးနိုင်အောင် Update တင်ရမယ်ဆိုပြီး စနောက်ခဲ့တဲ့ comment တွေရှိသလို တစ်ချို့ကျပြန်တော့လည်း သူတို့လည်း ဒီလို Online ကနေ ချစ်သူရှာတွေ့ပြီး လက်ထပ်ခဲ့တဲ သူတို့ရဲ့ အဖြစ်အပျက်တွေကို sharing ပြန်လုပ်ပေးခဲ့ပါတယ်။
Engaged to the man I met in a YouTube comment 5 years ago pic.twitter.com/QwfEeK4iZJ
— •• (@Kiekkii) December 14, 2020
Do I need to update my app or something https://t.co/UGAYkmh8EK
— SULTAN (@sultan_sanghera) December 13, 2020
Pyi Hein Kyaw