ကျောင်းကားဟောင်းကြီးကို အိမ်အဖြစ် ပြောင်းလဲပြီး ကမ္ဘာပတ်နေတဲ့ စုံတွဲ

[email protected] going_boundless

ဒီခေတ်ကြီးထဲမှာ လင်မယားတွေ၊ အတွဲတွေနေထိုင်ဖို့အတွက် အိမ်တစ်အိမ် အပိုင်ဝယ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ပြီးတော့ မီတာဖိုးတွေ၊ ရေဖိုးတွေ၊ မြေစရိတ်တွေ အစရှိတဲ့ အရာရာတိုင်းကိုလည်း တွက်ချက်ရပါသေးတယ်။ ဒါပေမယ့် Robbie နဲ့ Priscilla လို့ အမည်ရတဲ့ အတွဲတစ်တွဲကတော့ အိမ်ဝယ်မယ့်အစား ကျောင်းကားကြီးတစ်စီးကို ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါကျောင်းကားကြီးကိုပဲ သူတို့နှစ်ယောက်အတူတူ ပြင်ဆင်ပြီး အတူတူနေထိုင်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Orlando ပြည်နယ်မှာ နေထိုင်တဲ့ Robbie နဲ့ Priscilla တို့ဟာ လက်ထပ်ပြီးရင် အတူတူနေထိုင်ဖို့အတွက် အိမ်တစ်လုံးဝယ်ယူဖို့ အလုပ်အတူတူကြိုးစားလပ်ြကိုင်ခဲ့ပြီး ပိုက်ဆံ စုခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်ဦးသဘောတူညီမှုတစ်ခုလုပ်ပြီး အိမ်အစား ကျောင်းကားအိုကြီးတစ်စင်းသာ ဝယ်ယူခဲ့ပါတယ်။ အကြောင်းကတော့ အဆိုပါကျောင်းကားအိုကြီးကို နှစ်ယောက်အတူတူ နေထိုင်မယ့် အိမ်တစ်လုံးအဖြစ် ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B1khO9-hB7V/

View this post on Instagram

Painting the outside. We chose white mainly for it absorbing the least amount of heat. The painting process was actually one of the most frustrating things we had to deal with. The first coat of paint we used Bus Kote thermal paint which is an elastomeric roof coating, which is UV and weather resistant. That sounds great right? Well…part of it was great. The temperature of the roof literally dropped from 130 degrees in our Florida summer to about 90 degrees. We were impressed. Then time went by and this paint started collecting every bit of dirt and the bus became a streaky mess. Believe it or not, we paint the bus about 5 times until we finally we found a paint we were happy with.

A post shared by Going Boundless (@going_boundless) on

ဒါ့အပြင် နှစ်ယောက်စလုံးဟာ ခရီးသွားလာရတာကို ကြိုက်နှစ်သက်တဲ့ လူတွေဖြစ်တာတစ်ကြောင်း၊ လက်ထပ်ပြီးရင် ခရီးတွေအတူတူ သွားချင်တာကတစ်ကြောင်း အစရှိတာတွေကြောင့် ဒီလိုကျောင်းကားကြီးကို အိမ်ပုံစံပြန်ပြောင်းပြီးနေဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အချိန်ပေးပြီး ကျောင်းကားအိုကြီးကို ဆေးတွေသူတ်၊ အခန်းတွေဖွဲ့၊ ရေချိုးခန်းအိမ်သာတွေဆင်၊ မီးဖိုချောင်အခန်းတွေဖွဲ့နဲ့ တော်တော် အလုပ်ရှုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးရဲ့ အိမ်ကလေး ပြီးစီးသွားတဲ့အခါမှာတော့ အင်မတန်နေချင်စရာကောင်းတဲ့ အိမ်ပုံစံလေး ဖြစ်သွားခဲ့ပါတယ်။

“အခုဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက်မတ်လ ၂၀၁၉ ခုနှစ်ကတည်းက Orlando ကနေထွက်လာခဲ့ပြီး အရှေ့ဖက်အရပ်ဒေသတွေဆီ ခရီးထွက်ခဲ့ကြပါတယ်။ ဒီလိုခရီးထွက်နေတာ ၁၀ လကျော်ကြာသွားခဲ့ပါပြီ။ မြို့ပေါင်း ၁၃၇ မြို့ကို ရောက်ရှိခဲ့ပြီးပါပြီ။ တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ နှစ်ယောက်သား ဒီလိုမျိုး ခရီးတွေ အတူတူထွက်ဖို့ဆိုတာ စတွဲကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပါ။ အခုတော့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ” လို့ Robbie က ပြောကြားခဲ့ပါတယ်။

READ
ရာဘာကွင်းလည်ပင်းစွပ်နေတဲ့ မိကျောင်းကြီးကို ကယ်တင်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသား

https://www.instagram.com/p/BwTUWdzn5Ll/

Pyi Hein Kyaw

SHARE