မိကျောင်းကို ပြန်တိုက်ခိုက်ပြီး ညီမလေးကို အသက်ကယ်ခဲ့တဲ့ (၁၅) နှစ်သားလေး

Twitter/Balabac Special Boa

ဖိလစ်ပိုင်နိုင်ငံမှာ ရဲရင့်တဲ့ ဆယ်ကျော်သက်တစ်ဦးဟာ ညီမလေးရဲ့အသက်ကို မိကျောင်းလက်ထဲကနေ ကယ်တင်ပေးခဲ့ကြောင်း dailymail သတင်းအရ သိရပါတယ်။ အသက်(၁၂) နှစ်အရွယ် ဟိုင်နာဆိုသူ ကလေးမလေးတစ်ယောက်ဟာ အကိုဖြစ်သူ အသက်(၁၅) နှစ်အရွယ် ဟာရှင်းမ်နဲ့ ချောင်းစွယ်လေးတစ်ခုကို ၀ါးတံတားပေါ်ကနေ ဖြတ်ကူးစဉ် မိကျောင်းကိုက်ခံခဲ့ရပါတယ်။

ဟာရှင်းမ်ဟာ တံတားတစ်ဖက်ကို ရောက်နှင့်ပြီးတဲ့အခါမှာပဲ ရေထဲက မိကျောင်းတစ်ကောင်ဟာ ခုန်တက်လာပြီး ဟိုင်နာရဲ့ ညာခြေထောက်ကို ကိုက်ခဲခဲ့ပါတယ်။ မိကျောင်းက သူမကို ကိုက်ပြီး ရေထဲဆွဲခါချဖို့ ကြိုးစားခဲ့တာကြောင့် ဟိုင်နာက စူးစူးရှရှနဲ့ အော်ဟစ်ခဲ့ပါတယ်။ ဒါကို ဟာရှင်းမ်က မြင်တော့ ချက်ခြင်းပဲ ခဲလုံးတွေနဲ့ မိကျောင်းကို ကောက်ပေါက်ခဲ့ရာမှာ မိကျောင်းဟာ ခဲထားတဲ့ ဟိုင်နာရဲ့ ခြေထောက်ကို လွှတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။

READ
တံမြက်စည်း လုပ်ရောင်းပြီး သားသမီးကို ကျောင်းထားခဲ့တဲ့ တရုတ်နိုင်ငံက မိခင်
Twitter/Balabac Special Boa

ဟိုင်နာကတော့ ဘယ်ခြေထောက်မှာ မိကျောင်းကိုက်ဒဏ်ရာ ခပ်နက်နက်ရခဲ့တဲ့အတွက် ဆေးရုံတက်ကာ ဆေးကုသမှုခံယူခဲ့ပါတယ်။ အခုဆိုရင်တော့ ဟိုင်နာရဲ့ ဒဏ်ရာဟာ တော်တော်လေး သက်သာနေပြီ ဖြစ်ပါတယ်။ ဟိုင်နာကတော့ မိကျောင်းကြီးက သူမဆီ ခုန်အုပ်လာတဲ့အချိန်မှာ သူမသေတော့မယ်လို့ ထင်ခဲ့မိကြောင်း ပြောပြပါတယ်။

Twitter/Balabac Special Boa

“မိကျောင်းကြီးက သမီးထက် ကြီးတယ်။ ဒါကြောင့် သမီးလည်း အရမ်းကြောက်ပြီး ငိုနေခဲ့တာ။ မိကျောင်းရဲ့ ပါးစပ်ကြီးနဲ့ သွားတွေကိုတောင် မြင်နေရတယ်။ ဒါနဲ့ အစ်ကို့ကို အော်ခေါ်လိုက်တာ။ အစ်ကိုက မိကျောင်းကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ပြီး ကျွန်မကို ဆွဲခေါ်လာခဲ့တာ။ အစ်ကို့ကို အရမ်းကျေးဇူးတင်တာပဲ။ သမီးအသက်ကို သူကယ်ခဲ့တာ…”

Twitter/Balabac Special Boa

ဟာရှင်းမ်ကတော့ “ကျွန်တော်က တံတားကို အရင်ဖြတ်တာ။ နောက်လည်း လှည့်ကြည့်ရော ညီမလေး လဲကျသွားတာမြင်လိုက်ရတယ်။ ကျွန်တော်က ရိုးရိုးလဲကျတယ်ပဲ အောက်မေ့နေတာ။ သေချာကြည့်တော့မှ မိကျောင်းခေါင်းကြီးကို မြင်လိုက်ရတာ…. ” လို့ ပြောပြပါတယ်။ ဟိုင်နာကို ကိုက်ခဲသွားခဲ့တဲ့ မိကျောင်းကြီးဟာ (၁၄) ပေအရှည်ရှိတယ်လို့ ခန့်မှန်းရပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေဟာ ၄င်းမိကျောင်းကြီးကို ရှာဖွေဖမ်းဆီးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

READ
ကစားကွင်းထဲကို လေ့ကျင့်ခန်းလာလုပ်တဲ့ ထူးထူးဆန်းဆန်းသရဲ

လင်းလင်း (ShweMom)

SHARE