အအေးဒဏ်ကြောင့် အရေးပေါ်သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်

gofundme

မကြာသေးခင်က သြစတေးလျနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တောမီးလောင်တဲ့သတင်းတွေကို တွေ့မိမှာပါ။ တောမီးလောင်မှုထဲမှာ လူ (၂၈) ဦး အသက်ဆုံးရှုံးခဲ့ပြီး ဟက်တာ (၁၀) သန်းခန့်ရှိတဲ့ မြေနေရာတွေဟာ မီးသင့်ခဲ့ရပါတယ်။ ဒါတင်မကသေးပဲ တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာကိုလည်း ဆုံးရှုံးခဲ့ရတဲ့အတွက် သြစတေးလျတောမီးဟာ ကမ္ဘာကို သဘာဝတရားရဲ့ကျိန်စာအကြောင်း နားလည်လာစေခဲ့ပါတယ်။

အခုလို ဆိုးဝါးလှတဲ့ ရာသီဥတုကို ခံစားခဲ့ရတာ သြစတေးလျနိုင်ငံ တစ်နိုင်ငံတည်းလားဆိုတော့ မဟုတ်ပါဘူး။ အခုဆို အာဖဂန်နစ္စတန်နိုင်ငံဟာလည်း ရာသီဥတုဖောက်ပြန်ဆိုးရွားမှုဒဏ်ကို ခံစားနေရတာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံက ခါးသီးပြီး ခြောက်သွေ့အေးစက်လွန်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူသိများပါတယ်။ အအေးဒဏ်လွန်ကဲပြီး ဆောင်းတွင်းလယ်မှာဆိုရင် အနုတ်ကိုး ဒီဂရီစင်တီဂရိတ်ပဲ ရှိပါတယ်။

နိုင်ငံက အရမ်းအေးလွန်းတဲ့အတွက် လူသေမှုတွေလည်း ရှိခဲ့ပါတယ်။ (၂၀၀၈) ခုနှစ်တုန်းကဆိုရင် အာဖဂန်အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ လူအယောက် (၅၀၀) လောက် သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့သူအများစုဟာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပဲ ဖြစ်ပါတယ်။ အာဖဂန်ထဲက တစ်ချို့တောင်ထူတဲ့ဒေသတွေမှာဆိုရင် နှင်းထုကြီးတွေက (၆) ပေအမြင့်လောက်ရှိတတ်ပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ ကြမ်းတမ်းလှတဲ့ ရာသီဥတုထဲမှာ အနွေးဓာတ်မရှိ၊ အစားအစာနဲ့ နေစရာအလုံအလောက်မရှိပဲ အသက်ရှင်နေထိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတာ ဖြစ်ပါတယ်။

(၂၀၁၇) ခုနှစ် ဆောင်းတွင်းတုန်းကလည်း အရမ်းအေးလွန်းတဲ့ဒဏ်ကို မခံနိုင်လို့ အသက် (၅) နှစ်အောက် ကလေး (၂၇) ယောက်ဟာ အာဖဂန် Jawzjan ပြည်နယ်မြောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီနှစ်မှာပဲ ပါကစ္စတန်နယ်စပ် Nuristan ပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းက ရွာတစ်ရွာမှာ ရေခဲတောင်ပြိုကျလို့ လူ (၅၃) ဦး သေဆုံးခဲ့ပါသေးတယ်။

ဒီနှစ်မှာလည်း အာဖဂန်နစ္စတန်ရဲ့ အအေးဓာတ်က အရင်နှစ်တွေကထက် ပိုပြင်းထန်နေပြီး ရာသီဥတုအခြေအနေ ဆိုးနေတာ ဖြစ်ပါတယ်။ နှင်းမိုးတွေ ရွာချတဲ့အပြင် ရေခဲဆောင်တွေ ပြိုကျတာ၊ အပူချိန်တွေ မတရားကျဆင်းသွားတာတွေက ဒေသခံတွေရဲ့ အသက်ကို စိန်ခေါ်နေသလိုပါပဲ။ အခုနှစ် ဆောင်းရာသီကာလမှာတော့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံဟာ ကြောက်စရာကောင်းလောက်အောင် အေးခဲနေတဲ့ ရာသီဥတုကြောင့်  နှစ်နိုင်ငံပေါင်း သေဆုံးသူ အယောက်တစ်ရာကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း unilad အရ သိရပါတယ်။

READ
ဖလော်ရီဒါမှာ ဖမ်းမိခဲ့တဲ့ ဥ(၇၃)ဥနဲ့ (၁၇) ပေအရှည်ရှိတဲ့ ဧရာမမြွေကြီး

လင်းလင်း (ShweMom)

SHARE