ရေနစ်နေတဲ့ အသက်(၃)နှစ်အရွယ် ကလေးလေးကို အချိန်မှီကယ်နိုင်ခဲ့တဲ့ ဆရာဝန်

Face[email protected] Falls Memorial Medical Center Pixabay-AgEGlobalGroup

လောကမှာ တစ်ချို့အဖြစ်အပျက်တွေက အချိန်မှန်နေရာမှန်မှာ လူမှန်တွေ ရောက်လာတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်ကျရင် ကိုယ်နဲ့တစ်ခါမှ မသိတဲ့ လူတစ်ယောက်ဆီကနေ အကူအညီတွေဘာတွေ ရဖူးကြမှာပါ။ အခုလည်း ရေနစ်နေတဲ့ ၃ နှစ်အရွယ်ကလေးတစ်ယောက်ကို အမျိုးသားဆရာဝန်တစ်ယောက်က အတွေ့မြန်ခဲ့ပြီး ကယ်တင်နိုင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-AgEGlobalGroup

အဆိုပါအမျိုးသားဆရာဝန်ကတော့ New York မြို့ရှိ Niagara Falls Memorial Medical Centre ရှိ Dr.John Blundell ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့(၁၈.၇.၂၀၂၀)တုန်းက John ဟာ Montvale မြို့ရှိ Hotel တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ John ဟာ Hotel ထဲဝင်လာတဲ့အချိန် ရေကန်ထဲမှာ ရေသံကို သဲ့သဲ့လေးကြားလိုက်ရပါတယ်။ ဒါနဲ့ John တစ်ယောက် မသင်္ကာလို့ ရေကန်အနီးကို သေသေချာချာသွားကြည့်လိုက်တဲ့အချိန်မှာတော့ ကလေးလေးတစ်ယောက် ရေနစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါနဲ့ John လည်းချက်ချင်းဆိုသလို ရေကန်ထဲ ဒိုင်ဗင်ပစ်ဆင်းပြီး ကယ်ခဲ့ပါတယ်။ ဒါတောင်ကယ်ကယ်ပြီးချင်း ကလေးက သတိမရလို့ CPR(ရှေးဦးသူနာပြုစနစ်) ပြုလုပ်ပြီး ကလေးကို သတိရအောင် ပြန်လုပ်ခဲ့ရပါသေးတယ်။

A hero is never off duty. 💙💙💙A staff physician from Niagara Falls Memorial Medical Center is being credited by police…

Posted by Niagara Falls Memorial Medical Center on Tuesday, July 21, 2020

“တစ်ကယ့်ကို အချိန်မှန်နေရာမှန်ပါပဲ။ အဲဒီအချိန် John သာမတွေ့ရင် အဲဒီကလေး အသက်မရှင်နိုင်ပါဘူး။ ကလေးနဲ့ ပါလာတဲ့လူတွေက Hotel အခန်းထဲမှာ ရှိနေခဲ့တာ။ အဲဒီကလေးလေးက သူ့သာသူတစ်ယောက်တည်းလျှောက်ဆော့နေရင်း ဒီရေကန်နားအရောက်မှာ ပြုတ်ကျသွားခဲ့တာပါ။ ကလေးမိဘတွေကတော့ တော်တော်ပေါ့ဆွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် John ရဲ့ လုပ်ရပ်ကတော့ တစ်ကယ့်ကို ချီးကျူးစရာပါပဲ။ တစ်ကယ့်ကို သူရဲ့ကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ပါပဲ”လို့ Montvale မြို့ရဲ့ ရဲမှူး Joseph Sanfilippo က ပြောကြားခဲ့ပါတယ်။

READ
ယောကျာ်းလေးတွေမြင်မြင်ချင်းချစ်မိသွားစေမဲ့ မိန်းကလေးတယောက်ရဲ့အပြုအမူများ

Pyi Hein Kyaw

SHARE