လူတွေနဲ့အတူတူ ဆန္ဒပြနေလို့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ခွေးကလေး

Twitter/EmrickSarah

လက်ရှိ အမေရိကန်နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေ၊ ဆူပူအကြမ်းဖက်မှုတွေအကြောင်း တော်တ်ာများများ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ မေလ ၂၅ ရက်နေ့မှာ ရဲတွေရဲ့ လုပ်ရပ်ကြောင့် လူမြင်ကွင်းမှာတင် သေဆုံးသွားတဲ့ George Floyd အကြောင်းကို တော်တော်များများ သိကြပြီးဖြစ်မှာပါ။ အခုလို မတရားသဖြင့် သေဆုံးသွားတဲ့ George Floyd အတွက် ဒေါသထွက်နေတဲ့ အမေရိကန်ပြည်သူတွေဟာ အမေရိကန်နိုင်ငံအနှံ့မှာ ဆန္ဒပြပွဲတွေ ကျင်းပနေကြပါတယ်။ ဒီလို ဆန္ဒပြပွဲတွေမှာ လူတွေနဲ့အတူတူ ဆန္ဒပြနေတဲ့ ခွေးကလေးတစ်ကောင်ကတော့ လက်ရှိ အမေရိကန်ဆိုရှယ်မီဒီယာအပေါ်မှာ တော်တော်နာမည်ကြီးနေကြောင်း NDTV သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ Golden retriever ခွေးကလေးရဲ့ နာမည်ကတော့ Buddy ဖြစ်ပြီး ပိုင်ရှင်ကတော့ အသက် ၂၃ နှစ်အရွယ်ရှိ Sarah Emrick လို့ အမည်ရတဲ့ ကောင်မလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ Buddy လေးဟာ ဆန္ဒပြသူတွေနဲ့ အတူတူ ဆန္ဒပြနေတဲ့ သူ့ရဲ့ပုံလေးတွေကြောင့် လူတော်တော်များများဟာ Buddy လေးကို အရမ်းချစ်နေကြကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်ရှိ Cincinnati လို့ အမည်ရတဲ့ မြို့ကလေးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၈.၆.၂၀၂၀)တုန်းက George Floyd အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲမှာ Buddy ဟာ သူ့ရဲ့ သခင်မ Sarah နဲ့အတူတူ ရှိနေခဲ့ပြီး “Black lives matter” စာတန်းပါ ဆိုင်းဘုတ်လေးကို ကိုက်ပြီး ဆန္ဒပြနေခဲ့ပါတယ်။ Buddy လေးရဲ့ ဆန္ဒပြနေတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြည့်ရှု့သူ ၈ သန်းကျော်ရှိခဲ့ပြီး ဓာတ်ပုံတွေကတော့ like ပေးသူ 900k နီးပါး ရှိခဲ့ပါတယ်။

“အမှန်တကယ်ကတော့ Buddy ဟာ ဆန္ဒပြနေတာ မဟုတ်သလို ကျွန်မလဲ Buddy ကို ဆန္ဒပြခိုင်းခဲ့တာ မဟုတ်ပါဘူး။ အဲဒိအချိန်တုန်းက လွယ်အိတ်ထဲမှာ ပစ္စည်းတစ်ခုထုတ်နေတုန်း ကိုင်ထားတဲ့ ဘုတ်ပြားကို အောက်မချချင်လို့ Buddy ကို ခဏကိုင်ခိုင်းခဲ့တာပါ။ နောက်ထပ်ဆန္ဒပြပွဲတွေ သွားဖြစ်ရင်တော့ Buddy ကို အိမ်မှာပဲ ထားခဲ့မှာပါ။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်မသိနိုင်တဲ့ အခြေအနေမှာ Buddy ကို အိမ်မှာပဲ လုံလုံခြုံခြုံ ထားခဲ့ရတာ အကောင်းဆုံးမို့လို့ပါပဲ” လို့ Sarah က ပြောကြားခဲ့ပါတယ်။

READ
ထူးဆန်းတဲ့အရိုးကွေးရောဂါခံစားနေရတဲ့ အိန္ဒိယကအမျိုးသမီး

Pyi Hein Kyaw

SHARE