မျက်နှာပုံစံ မျိုးစုံလုပ်တတ်လွန်းလို့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ခွေးကလေး Gen

[email protected] genthecorgi

ခွေးကလေးတွေဆိုတာ လူတွေအပေါ်မှာ အချစ်တတ်ဆုံးနဲ့ သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ မွေးထားတဲ့ သခင်တွေအပေါ်လည်း အရမ်းသိတတ် လိမ္မာလွန်းတဲ့အပြင် ချစ်စရာ အပြုအမူလေးတွေ အရမ်းလုပ်တတ်တဲ့ ကောင်လေးတွေပဲ ဖြစ်ပါတယ်။ အခုလည်း ခွေးကလေးတစ်ကောင်ဟာ အရမ်းချစ်စရာကောင်းတဲ့ မျက်နှာပုံစံမျိုးစုံ လုပ်တတ်လွန်းလို့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေပြီး မြင်သမျှလူအပေါင်းကလည်း အဆိုပါခွေးကလေးကို အရမ်းချစ်နေကြကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါခွေးကလေးကတော့ ဂျပန်နိုင်ငံမှ Corgi ခွေးအမျိုးအစား ခွေးကလေး Genk ပဲ ဖြစ်ပါတယ်။ အသက် ၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Genk ဟာ Corgi ခွေးအမျိုးအစားပီပီ အင်မတန် လိမ္မာရေးခြား ရှိသလို အရမ်းလဲ အဆော့သန်တဲ့ ခွေးကလေးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Genk ရဲ့ ထူခြားချက်ကတော့ မျက်နှာပုံစံမျိုးစုံလုပ်တတ်တာပဲ။ သူ့ကို ဓာတ်ပုံရိုက်ပြီဆိုရင် ပို့စ်မျိုးစုံပေးတတ်ပြီး ရုပ်ကိုလည်း ပုံစံမျိုးစုံနဲ့ ချစ်စရာကောင်းအောင် လုပ်တတ်တဲ့ ခွေးကလေးပဲ ဖြစ်ပါတယ်။ ရုပ်ကတော့ ဘယ်လောက်တောင် ပြောင်တတ်သလဲဆိုရင် အောက်ကပုံတွေကိုသာ ကြည့်ကြည့်ပါ။

View this post on Instagram

I’m happy to be alive, I’m happy to be who I am. . .げん げん 元気に 月曜日〜. . .雨にも 負けず 風にも 負けず. . .毎度の 点滴に うっかり 寝そうになり. . .注射4本 ぶっ込まれても 気づきも せず. . .検査で 毛を剃り 久しぶりに 再会した 己れの ビーチクに 何度も 挨拶し. . .ご飯を 食べないと 悩む 母の背を よそに カロリーメイトを 盗み食いする. . .そう言う 犬に ぼくは なりますた. . .コギ澤 げん治. . . . . #コーギー #コーギーのいる暮らし #コーギーげんちゃん #犬 #corgi #corgis #welshcorgi #corgioftheday #funnydog #pembrokewelshcorgi #corgidog 710m

A post shared by Corgi_Gen (@genthecorgi) on

Genk လေးဟာ အခုဆိုရင် ကိုယ်ပိုင် Instagram အကောင့်တောင် ရှိနေပြီး သခင်ဖြစ်သူကိုယ်တိုင် Genk လေးရဲ့ လှုပ်ရှားမှုတွေကို တောက်လျှောက်မှတ်တမ်းတင်ပြီး ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ အဲဒီ Instagram အကောင့်မှာ Follower ပေါင်း 111k ရှိပြီး လူတိုင်းကလည်း Genk လေးရဲ့ ပုံတိုင်းလိုလိုကို အရမ်းနှစ်သက်ပြီး အသည်းယားကြကြောင်း comment တွေ ပေးထားကြပါတယ်။

“Genk ကတော့ တော်တော်လေးကို အဆော့သန်သလို ရယ်စရာ မျက်နှာပုံစံမျိုးစုံကို လုပ်တတ်ပါတယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ တောင်းဆုတော်တော်ပြည့်ထားတဲ့ ပုံပါပဲ။ ကျွန်မတို့တစ်အိမ်လုံလည်း သူ့ကြောင့် အမြဲပျော်နေရသလို သူ့ကိုလဲ တော်တော်ချစ်ကြပါတယ်။ လမ်းမှာတွေ့ရင်တောင် သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့လူတွေတောင်ရှိတယ်”လို့ Genk လေးရဲ့ သခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

READ
Instagram မှာ နာမည်ကြီးနေတဲ့ အမွှေးမရှိတဲ့ ယုန်ကလေး Mr.Bigglesworth

Pyi Hein Kyaw

SHARE