အိမ်ပြင်ထွက်ပြီး မကစားရတာကြောင့် စိတ်ညစ်နေရှာတဲ့ ခွေးဘီလူးလေး Big Poppa

[email protected] Ellis

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲကအိမ်အပြင်မထွက်ကြတော့ပါဘူး။ လူတွေတော်တော်များများအပြင်မထွက်တာကြောင့် သူတို့ရဲ့ အိမ်မွေးခွေးကလေးတော်တော်များများမှာလည်း အပြင်လုံးမထွက်ရတော့ပဲ အိမ်ထဲမှာပဲ သခင်တွေနဲ့ အချိန်ကုန်နေရတတ်ကြပါတယ်။

 

ဒီရောဂါကြီးမဖြစ်ပွားခင်တုန်းကတော့ ခွေးမွေးထားတဲ့အိမ်တော်တော်များများဟာ မနက်တစ်ခေါက်၊ညနေတစ်ခေါက် သူတို့ခွေးလေးတွေကို ခွေးကျောင်းထွက်လေ့ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့်လည်း Big Poppa လို့ အမည်ရတဲ့ Bulldog ခွေးလေးဟော အိမ်မှာချည်းပဲနေနေရတာကြောင့် စိတ်ညစ်တဲ့အမူအရာတွေကို မျက်နှာအမူအရာနဲ့ ဖော်ပြလေ့ရှိကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
လူစကားပြောသလိုမျိုး အသံပေးလို့ အထူးအဆန်းဖြစ်နေတဲ့ ကြောင်လေးရဲ့ ဗီဒီိယို
Rashida Ellis

Georgia နိုင်ငံ၊ Atlanta မြို့မှာနေထိုင်တဲ့ အသက် ၃နှစ်အရွယ် Bulldog ခွေးကလေးတစ်ကောင်ဟာ အိမ်ထဲမှာပဲနေနေရပြီး အိမ်အပြင်မထွက်ရတာကြောင့် သခင်မဖြစ်သူကို မကြာခဏစိတ်ညစ်ဟန်အမူအရာတွေ လုပ်ပြလေ့ရှိပါတယ်။ အကြောင်းရင်းကတော့ အရင်ကလို သခင်မဖြစ်သူ Rashida Ellis ဟာ Big Poppa လေးကို အပြင်ထွက်ဖို့ မခေါ်လို့ပဲ ဖြစ်ပါတယ်။ အရင်အချိန်တွေတုန်းကတော့ Big Poppa ဟာ အပြင်ထွက်လမ်းလျှောက်ပြီဆိုတာနဲ့ အိမ်နားက ကလေးတွေနဲ့ ပန်းခြံမှာ အမြဲဆော့ကစားလေ့ရှိပါတယ်။ လမ်းတစ်လျှောက်မှလြည်း တွေ့သမျှလူတွေကို ခန္ဓာကိုယ်ကြီးနဲ့ မလိုက်အောင် လိုက်ချွဲလေ့ရှိတာကြောင့် အင်မတန် လူချစ်လူခင်ပေါများတဲ့ ခွေးလေးပဲ ဖြစ်ပါတယ်။

Rashida Ellis
Rashida Ellis

“အခုဖြစ်နေတဲ့အခြေအနေတွေကို သူကမသိဘူး။ သိအောင်ပြောလို့ရရင် ပြောချင်လိုက်တာ။ အခုကျတော့ တံခါးနားကိုသွားလိုက်၊ လက်လေးနဲ့ထောက်ပြလိုက်နဲ့၊ ကျွန်မလည်း သူ့အပြင်ထွက်ချင်တဲ့စိတ်ကို နားလည်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေနဲ့က ဘယ်လိုမှ အဆင်မပြေဘူးလေ။ နောက်ပိုင်း တစ်ယောက်တည်း ဝရံတာမှာထွက်ထိုင်ပြီး လမ်းမကိုငေးနေတာပဲ” လို့ Ellis က ပြောကြားခဲ့ပါတယ်။ Ellis ဟာ Big Poppa လေးစိတ်ညစ်နေတဲ့ပုံအချို့ကို ဓာတ်ပုံရိုက်ပြီး သူမရဲက ဆိုရှယ်မီဒီယာအကောင့်မှတြင်ခဲ့ရာ Like လုပ်သူ 650k ကျော်အောင်ရရှိခဲ့ကြောင်း သိရပါတယ်။

READ
ဖိုတိုရှော့အသုံးပြုပြီး ပြုပြင်ထားတဲ့Mr Bean ရဲ့ ရယ်စရာဓာတ်ပုံများ

Pyi Hein Kyaw

SHARE