ဆိုရှယ်မီဒီယာအကောင့်သုံးဖို့ ယာဉ်မောင်းလိုင်စင် တကူးတက လုပ်ပေးခဲ့ရတဲ့ ခွေးကလေး

[email protected] [email protected] Doucet

အခုနောက်ပိုင်းမှာ လူတော်တော်တော်များများဟာ သူတို့ရဲ့ အချစ်တော်ခွေးကလေးတွေ၊ ကြောင်ကလေးတွေ အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဆိုရှယ်မီဒီယာအကောင့်တွေ ဖွင့်ပေးပြီး သူတို့ရဲ့ နေ့စဉ်လှုပ်ရှားမှုကလေးတွေကို ဓာတ်ပုံရိုက်ပြီး တင်ပေးလေ့ရှိတဲ့ ခေတ်ဖြစ်ပါတယ်။ အခုလည်း ခွေးပိုင်ရှင်အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ခွေးကလေးကို အရင်တုန်းက ဆိုရှယ်မီဒီယာအကောင့်ဖွင့်ပေးခဲ့ပြီး အခုအချိန်မှ ပြန်သုံးမယ်လုပ်တော့ အကောင့်ဟာလော့ကျပြီး ခွေးကလေးရဲ့ ယာဉ်မောင်းလိုင်စင်လိုနေကြောင်း Buzz Feed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်ရှိ Seattle မြို့မှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် Emily Doucet လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်မှာ Max လို့ ခေါ်တဲ့ ခွေးကလေးရှိပါတယ်။ Emily ဟာ လွန်ခဲ့တဲ့နှစ်တုန်းက Max ရဲ့ နာမည်နဲ့ Facebook အကောင့်တစ်ခုဖွင့်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ အကောင့်သာ ဖွင့်ပေးခဲ့ပြီး အသုံးမပြုခဲ့ပဲ အခုမကြာသေးခင်အချိန်မှ အကောင့်ကို ပြန်ဖွင့်ကြည့်ရာ အကောင့် Lock ကျနေပြီး သုံးမရဖြစ်နေပါတယ်။

READ
မိခင်ရဲ့ Credit Card နဲ့ ဒေါ်လာ(၇၀၀)ဖိုး အရုပ်တွေဝယ်လိုက်တဲ့ ကလေးနှစ်ယောက်
[email protected] Doucet

အဲဒီလိုအချိန်မှာပဲ Facebook Policy အရ အကောင့်ပြန်ဖွင့်ဖို့အတွက် အကောင့်ပိုင်ရှင်ရဲ့ ကားလိုင်စင် သို့မဟုတ် မှတ်ပုံတင် ကတ်ပြားက လိုအပ်ပါတယ်။ ဒါပေမယ့် Max က တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့အတွက် အဲဒီလိုမျိုးတွေတော့ မရှိပါဘူး။ ဒါ့ကြောင့် Emily ဟာ သူမအနေနဲ့ လက်ရှိအချိန်မှာ Max အကောင့်ပြန်ဖွင့်ဖို့အတွက် စိတ်ညစ်နေကြောင်းနဲ့ ဘယ်လိုလုပ်ရမှန်းမသိကြောင်း သူမရဲ့ Twitter အကောင့်ကနေတစ်ဆင့် ပို့စ်တင်ခဲ့ပါတယ်။

[email protected]

ဒီပို့စ်ကိုတွေ့တဲ့သူတော်တော်များများကတော့ ရယ်အားထက်သန် ငိုအားထက်သန်ဖြစ်ခဲ့ရပြီး တော်တော်များများကတော့ ကားမောင်းလိုင်စင်အတုလုပ်ဖို့ အကြံပေးခဲ့ကြပါတယ်။ ပို့စ်အောက်မှာ ခွေးကလေးတွေရဲ့ ကားမောင်းလိုင်စင်ပုံတော်တော်များများကိုလည်း photo comment အဖြစ် ဝင်ပေးခဲ့ကြပါသေးတယ်။

Pyi Hein Kyaw

SHARE