သူ့ကို မွေးစားဖို့အတွက် သခင်အသစ်ကို လက်နဲ့ဖက်ပြီး အကူအညီတောင်းခဲ့တဲ့ ခွေးလေး

Youtube-A Journalist adopted innocent abandoned puppy ❤

လောကမှာ ခွေးကလေးတွေဟာ လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ သံယောဇဉ်အကြီးဆုံးပါပဲ။ လူတွေရဲ့ မိတ်တွေကောင်းက ခွေးကလေးတွေပဲ ဖြစ်လို လူတွေအပေါ် အမြဲအရိပ်တကြည့်ကြည့်နဲ့ နေနေတတ်တာကလည်း ခွေးကလေးတွေပါပဲ။ အခုလည်း ခွေးဂေဟာက ခွေးကလေးတစ်ကောင်ဟာ သတင်းထောက်တစ်ယောက်ရဲ့အနားကို ရောက်လာပြီး အတင်းဖက်တွယ်ထားကာ သူ့ကိုမွေးစားဖို့ အသနားခံခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-A Journalist adopted innocent abandoned puppy ❤

အမည်ဖော်ပြထားခြင်းမရှိတဲ့ သတင်းထောက်တစ်ယောက်ဟာ ခွေးဂေဟာတစ်ခုကို ရုပ်သံအစီအစဉ်ရိုက်ကူးဖို့ သွားရောက်ခဲ့ပါတယ်။ အဲဒီကိုရောက်ရောက်ခြင်း အဆိုပါသတင်းထောက်ဟာ ခွေးဂေဟာ နေရာအနှံ့ကို လျှောက်သွားပြီး ဗီဒီယိုကင်မရာတစ်လုံးနဲ့ ခွေးကလေးတွေကို ရိုက်ကူးခဲ့ပါတယ်။ ရိုက်ကူးလို့ပြီးပြီးချင်း ပြန်မယ့်အချိန်မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Youtube-A Journalist adopted innocent abandoned puppy ❤

အဲဒါကတော့ အဆိုပါခွေးဂေဟာက ခွေးကလေးတစ်ကောင်ဟာ သတင်းထောက်နားကို ရောက်လာပြီး ပွတ်သပ်နေခဲ့တာပါပဲ။ အဆိုပါသတင်းထောက်ရဲ့ စိတ်ထဲမှာတော့ ဒီခွေးကလေးဟာ ဒီအတိုင်း ပွတ်သီးပွတ်သပ်လုပ်နေတာလို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါသတင်းထောက်ပြန်ဖို့ ဝင်ပေါက်ကို ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခွေးကလေးဟာ အဆိုပါသတင်းထောက်ရဲ့ ခြေထောက်လေးကို တောက်လျှောက်မလွတ်တမ်းဖတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကို သတိထားမိတဲ့ သတင်းထောက်ကတော့ နောက်ဆုံးမှာ ခွေးကလေးကို သနားသွားပြီး မွေးစားဖို့ ဆုံးဖြတ်ကာ အိမ်ခေါ်လာခဲ့ပါတော့တယ်။

READ
ဇနီးသည်ကို မတရားလုပ်ဖို့ကြံတဲ့အလုပ်သမားရဲ့ လိင်အင်္ဂါဖြတ်ပြီး ခွေးကျွေးပစ်တဲ့ သူဌေး

“တော်တော်တော့ ထူးဆန်းတယ်ဗျ။ ဒီခွေးလေးက မွေးစားဖို့ လူတွေလာကြည့်တဲ့အချိန်မှာတောင် တုတ်တုတ်လှုပ်တတ်တဲ့ ကောင်မျိုးမဟုတ်ဘူးလို့ ခွေးဂေဟာက တာဝန်ရှိသူတွေက ပြောခဲ့တယ်။ အခုကျတော့ တောက်လျှောက်တောင် ကျွန်တော့်ကို ဖက်ထားတာ။ ဒါ့ကြောင့် ကျွန်တော်လည်း တော်တော်သနားသွားပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ တော်တော်ထူးဆန်းတဲ့ ရေစက်ပဲဗျာ” လို့ အဆိုပါသတင်းထောက်မှ သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို Reddit.com မှာ တင်ပြီး ပြန်လည်မျှဝေခဲ့ပါတယ်။

Pyi Hein Kyaw

SHARE