အိမ်နီးနားချင်း မိသားစုကို မီးဘေးအန္တရာယ်ကနေ ကယ်တင်ခဲ့တဲ့ ခွေးလိမ္မာလေး

Franklin Fire Department

ခွေးကလေးတွေဟာ လူသားတွေအတွက် ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်သလို သစ္စာအရှိဆုံး တိရစ္ဆာန်လေးတွေလဲ ဖြစ်ပါတယ်။ အခုလည်း ခွေးကလေးတစ်ကောင်ဟာ ညဖက်လူခြေတိတ်ချိန်မှာ မီးလောင်နေတဲ့ အိမ်နီးနားချင်း မိသားစုတစ်စုကို အချိန်မှီကယ်တင်နိုင်ခဲ့သလို အဆိုပါခွေးကလေးကြောင့်ပဲ အိမ်နီးနားချင်း မိသားစုတစ်ခုလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Twitter/Franklin Fire Department

အမေရိကန်နိုင်ငံ၊ Virginia ပြည်နယ်၊ Franklin မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မီးလောင်မှုကို ပထမဦးဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့ သူရဲကောင်းကတော့ အသက် ၃ နှစ်အရွယ် Belgian Malinois ခွေးအမျိုးအစား Roux အမည်ရှိ ခွေးကလေးပဲ ဖြစ်ပါတယ်။ အဲဒီဇူလိုင်လ ၄ ရက်နေ့၊ ည ၁၁ နာရီထိုးခါနီးလောက်မှာ Roux ဟာ ၁၀ မိနစ်ကြာလောက် တောက်လျှောက်ဟောင်နေပါတယ်။ သူ့ရဲ့ ဟောင်သံကြောင့်ပဲ သူ့သခင် Jeff LeCates’ တစ်ယောက် လန့်နိုးလာခဲ့ပါတယ်။

READ
မိသားစုက မမှတ်မိပေမယ့် ပလတ်စတစ်ဆာဂျရီလုပ်ခဲ့တာ နောင်တမရဘူးဆိုတဲ့ အမျိုးသမီး
Pixabay-TheHilaryClark

Jeff ဟာ Roux ကို လမ်းဘေးတစ်နေရာက တွေ့ရှိခဲ့ပြီး မွေးစားခဲ့တာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ ဒီလိုနဲ့ Jeff တစ်ယောက် Roux ရှိတဲ့ ခြံထဲကို ဆင်းလာခဲ့ပါတယ်။ Roux ကိုတွေ့တဲ့အချိန်မှာ Roux ဟာ တစ်ဖက်ခြံကိုကြည့်ပြီး တောက်လျှောက်ထိုးဟောင်ပြီး အဲဒီခြ့ဖက်ကို ပြေးသွားတာ တွေ့လိုက်ရပါတယ်။ အဲဒီအချိန် Jeff လဲ တစ်ဖက်အိမ်ကို သေသေချာချာကြည့်လိုက်တော့မှ မီးခိုးတွေ အများကြီးထွက်နေပြီး အဲဒီအိမ်ရှေ့ဖက်အခြမ်းဟာ မီးလောင်နေမှန်းသိလိုက်ရပါတယ်။

“ကျွန်တော် မီးလောင်နေတာ သိသိချင်း ပတ်ဝန်းကျင်ကို အရင်ဆုံးဟော်ဟစ်ပြီး အကူအညီတောင်းတယ်။ ပြီးတာနဲ့ ချက်ချင်း မီးသတ်ဌာန၇ို ဖုန်းလှမ်းဆက်ခဲ့ပါတယ်။ အဲဒီအိမ်ဘက်ကို သွားကြည့်တဲ့အချိန် သူတို့ အိမ်ရှေ့ဖက်အခြမ်းက မီးစွဲနေပြီ။ အိမ်ထဲက လူတွေကတော့ အိပ်ပျော်နေကြတယ်ထင်တယ်။ ခဏလောက်အကြာမှာ မီးသတ်ကားရောက်လာတော့ ဆူညံကုန်တယ်။ အဲဒီအချိန်မှာမှ အဲဒီအိမ်က တစ်မိသားစုလုံး အိမ်ထဲက ပြေးထွက်လာပါတယ်။ တော်သေးတယ်။ မီးက အိမ်တစ်ဝက်ကျော်ကျော်လောက်ပဲ လောင်သွားလို့။ ပျက်ဆီးဆုံးရှုံးမှုကတော့ ဒေါ်လာ ၅ သောင်းကျော်လောက်တော့ ရှိပါမယ်။ Roux လေးအချိန်မှီ သိလို့ ဒီလောက်ပဲ ပါသွားတာ။ မဟုတ်ရင် အခြားအိမ်တွေကိုပါ မီးကူးသွားလောက်တယ်” လို့ Jeff က ပြောကြားခဲ့ပါတယ်။

READ
ရေမြောင်းလေးကို ခုန်ကျော်ဖို့ကြိုးစားရင်း ဒုက္ခရောက်ခဲ့ရတဲ့ အမူးသမားရဲ့ ဟာသဗီဒီယို

Pyi Hein Kyaw

SHARE