ပင်လယ်အောက်က ပစ္စည်းတွေယူလာပြီး လူတွေကို လက်ဆောင်ပေးနေတဲ့ လင်းပိုင်လေး

[email protected]

လင်းပိုင်လေးတွေကတော့ ပင်လယ်ပြင်မှာ လူတွေရဲ့ အချစ်ဆုံးသတ္တဝါကလေးတွေဖြစ်သလို လင်းပိုင်လေးတွေ တော်တော်များများကလည်း လူယဉ်တဲ့ သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ အခုလည်း သြဇီနိုင်ငံမှာရှိတဲ့ Barnacles Dolphin Center ရှိ Mystique လို့ အမည်ရတဲ့ လင်းပိုင်လေးဟာ သူတို့စခန်းကို အလည်ရောက်လာတဲ့ Volunteers တွေကို ပင်လယ်ရေအောက်ကပစ္စည်းလေးတွေကို ပြန်ပြန်ယူပြီး လက်ဆောင်အဖြစ်ပေးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Barnaclescafedolphinfeeding

အဆိုပါ Barnacles Dolphin Center ဟာလည်း COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် အချိန်တော်တော်ကြာပိတ်ထားရပြီး မကြာသေးခင်အချိန်ကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြန်ဖွင့်ဖွင့်ချင်းနေ့မှာပဲ အဆိုပါ စခန်းရှိ Volunteer တွေဟာ လင်းပိုင်လေးတွေနဲ့ မတွေ့တာကြာပြီဖြစ်တဲ့အတွက် လင်းပိုင်တစ်ကောင်ချင်းဆီကို လိုက်လံပွတ်သပ် နှုတ်ဆက်နေပါတယ်။

READ
ခွေးလိမ္မာပြိုင်ပွဲမှာ အလွဲလုပ်ခဲ့တဲ့ ပရိသတ်တွေ ပွဲကျနေခဲ့တဲ့ ခွေးလေး(၂)ကောင်
Barnaclescafedolphinfeeding
Barnaclescafedolphinfeeding

အဲဒီအချိန်မှာ Mystique လို့ အမည်ရတဲ့ လင်းပိုင်လေးကတော့ ခေါက်တုံခေါက်ပြန်ပင်လယ်ထဲသွားလိုက်၊ ပြန်လာလိုက်နဲ့ အလုပ်ရှုပ်နေတာ တွေ့ရပါတယ်။ ဒါနဲ့ Volunteer အဖွဲ့လည်း Mystique လေး ဘာများဖြစ်နေလည်းဆိုပြီး သေသေချာချာကြည့်လိုက်တော့မှ Mystique လေးဟာ ပင်လယ်ရေအောက်မှာရှိတဲ့ ခရုတွေ၊ ပုလင်းတွေနဲ့ သန္တာကျောက်တန်းတစ်ချို့ကို ခေါက်တုံ့ခေါက်ပြန် ပင်လယ်ရေအောက်ထဲ ပြန်ပြန်ယူပြီး Volunteer တွေကို လက်ဆောင်မအဖြစ် ပေးချင်နေတာကို ကြည်နူးဖွယ် တွေ့ရှိခဲ့ရပါတယ်။

Barnaclescafedolphinfeeding
Barnaclescafedolphinfeeding

“သူတို့နဲ့ ကျွန်တော်တို့ ဒီလောက်အကြာကြီး မခွဲခဲ့ဖူးဘူးလေ။ အခုပြန်လာတဲ့အချိန်ကျတော့ သူတို့လေးတွေ ကျွန်တော်တို့ကို သတိရနေသလို ကျွန်တော်တို့လည်း သူတို့ကို သတိရနေပါတယ်။ Mystique လေးကတော့ ကျွန်တော်တို့ကို နောက်တစ်ခေါက် ဒီလိုမခွဲသွားစေချင်ဘူးနဲ့တူတယ်။ သူ့မှာ ရေအောက်က ပစ္စည်းတွေကို ခေါက်တုံ့ခေါက်ပြန် သွားသွားယူပြီး ကျွန်တော်တို့ကို ပေးနေတာ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ကောင်းလေးပါပဲ” လို့ Volunteer အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူက ပြောကြားခဲ့ပါတယ်။

The pod has been bringing us regular gifts, showing us how much they’re missing the public interaction and attention☹️…

Posted by Barnacles Cafe & Dolphin Feeding on Monday, May 18, 2020

Pyi Hein Kyaw

SHARE