ကားပေါ်မှာ မြွေတွေ့လို့ သူသေကိုယ်သေ ချခဲ့ရတဲ့ သြစတြေးလျ အမျိုးသား

[email protected] Queensland Police Service

မြွေဆိုတဲ့ အသံကြားတာနဲ့ လူတိုင်းနီးပါး ထိတ်လန့်တတ်ကြပါတယ်။ မြွေကို ရုတ်တရက်တွေ့လိုက်တဲ့အချိန်မှာတောင် အဆိပ်ရှိလား မရှိလားတောင် မခွဲခြားနိုင်ပါဘူး။ ကျိန်းသေတာကတော့ မြွေတစ်ကောင်ကို တွေ့တာနဲ့ ဘယ်သူမဆို တန်းပြေးကြမှာ အမှန်ပါပဲ။ ဒါပေမယ့် သြစတြေးလျ အမျိုးသားတစ်ဦးကတော့ ကားမောင်းနေတုန်း ကားပေါ်မှာ မြွေတွေ့ခဲ့တာတောင် ကားရပ်ပြီး အဲဒီမြွေနဲ့ သူသေကိုယ်သေ ပြန်ချခဲ့ပြီး နောက်ဆုံးမှာတော့ အဲဒီမြွေကို သတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်မှ သိလိုက်ရတာက သူသတ်ခဲ့တဲ့ မြွေဟာ ကိုက်လိုက်တာနဲ့ တုံးကနဲသေသွားနိုင်တဲ့မြွေဆိုတာကို နောက်မှ သိခဲ့ရကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Queensland Police Service

အဆိုပါအမျိုးသားကတော့ အသက် ၂၇ နှစ်အရွယ် Jimmy လို့ အမည်ရတဲ့ ထရပ်ကားဒရိုင်ဘာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က Jimmy ဟာ သူ့ဟာသူ Highway လမ်းပေါ်မှာ အရှိန်မှန်မှန်နဲ့ပဲ ကားမောင်းနေခဲ့ပါတယ်။ ဒါပေမယ့် လမ်းကွေ့ရောက်လို့ ဘရိတ်ကို ခြေထောက်နဲ့ ဖြည်းဖြည်းလေး နင်းလိုက်တဲ့အချိန်မှာ ဘရိတ်က ပျော့စိစိကြီးဖြစ်နေတာကို သတိထားခဲ့မိပါတယ်။ အဲဒီနောက် ကားကို လမ်းဘေးချရပ်ခဲ့ပြီး ဘရိတ်နေရာကို ကြည့်လိုက်တဲ့အချိန်မှာတော့ ဘရိတ်ခြေနင်းပေါ်မှာ မြွေတစ်ကောင်ခွေနေတာကို တွေ့ခဲ့ရပါတယ်။

READ
ရွှေပြားခင်းထားတဲ့ ရေကူးကန်နဲ့ မြေအောက် Spa တွေပါဝင်တဲ့ ပူတင်ရဲ့ စံနန်းတော်အသစ်
[email protected] Queensland Police Service

အဲဒီနောက်မှာလည်း အဆိုပါမြွေဟာ ချက်ချင်း Jimmy ရဲ့ ခြေထောက်ကနေ တက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ Jimmy ကလည်း ချက်ချင်းဆိုသလို ယာဉ်မောင်းခါးပတ်နဲ့ မြွေကို ပြန်ပတ်ပြီး ချုပ်ထားခဲ့ပါတယ်။ အဲဒီနောက် ကားပေါ်မှာ ရှိတဲ့ ဓားနဲ့ ချက်ချင်း မြွေကို ထိုးသတ်ခဲ့ပါတယ်။ ပြီးတာနဲ့ Jimmy ဟာ သူ့ကိုယ်သူ မြွေကိုက်ခံရတယ်ထင်ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ ဆေးရုံကိုမောင်းခဲ့ပါတယ်။ မြွေသေကိုတော့ ကားနောက်ခန်းမှာ ထားခဲ့ပါတယ်။

Driver fights off deadly snake on highway

This slimy passenger would be sure to make any driver hysssssterical! 🐍😱

Posted by Queensland Police Service on Monday, July 6, 2020

“ကျွန်တော်ဆေးရုံသွားတဲ့လမ်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလွန်းလို့ လမ်းမှာ ရဲဖမ်းခံခဲ့ရပါတယ်။ ရဲကားတွေပေါ်မှာရှိတဲ့ မီးနီနဲ့ မီးပြာလေးတွေကို မြင်လို့ ၀မ်းသာလုံးဆို့ခဲ့ရတာ ဒီတစ်ခေါက်ပါပဲ။ ရဲတွေကို အကျိုးအကြောင်းလဲပြောပြ၊ မြွေသေလဲပြတော့ သူတို့က ချက်ချင်းဆိုသလို ဆေးရုံကားခေါ်ပေးခဲ့တယ်။ သိပ်မကြာဘူး ဆေးရုံကားရောက်လာရော ကျွန်တော့်ကို ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဆေးရုံရောက်မှ သိလိုက်ရတာက ကျွန်တော် မြွေကိုက်မခံရဘူးဆိုတာရယ်၊ ပြီးတော့ ကျွန်တော်သတ်လိုက်တဲ့ မြွေက အကိုက်ခံရတာနဲ့ တန်းသေနိုင်မယ့် မြွေ ဖြစ်နေတာရယ်ပါ” လို့ Jimmy က ပြောကြားခဲ့ပါတယ်။

READ
အိမ်ခွေးတွေကို အဲကွန်း၊ ရေကူးကန်ပါ အဆင့်မြင့်ခွေးအိမ်လေးဆောက်ပေးထားတဲ့ အမျိုးသား

Pyi Hein Kyaw

SHARE