အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြေအောက်ထဲမှာ ဆောက်လုပ်ထားတဲ့ အိမ်

အိပ်ခန်းလည်းမရှိ၊ ပြတင်းပေါက်လည်း မရှိပဲနဲ့ တောင်ကုန်းရဲ့ ဘေးဘက်မှာ ထွင်းထုထားတဲ့ အိမ်တစ်လုံးရဲ့ တန်ဖိုးဟာ သာမန်ရိုးကျအိမ်တွေနဲ့ ယှဉ်နိုင်လောက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဇိမ်ခံရေချိုးခန်းကြီးနဲ့ မီးဖိုချောင်အပြင် အိပ်ခန်းကျယ်သုံးခန်း၊ အမိုးခုံးသဏ္ဍာန် မျက်နှာကျက်ကြီးတွေနဲ့ အိမ်ကြီးဟာ ဒေါ်လာ(၂) သိန်းတန်ပါတယ်။ ၄င်းဟာ သြစတေးလျရဲ့ အစွန်အဖျားနေရာတစ်နေရာမှာ ရှိပါတယ်။

Lot 624 Linsky Close, Coober Pedy
Lot 624 Linsky Close, Coober Pedy

အိမ်ကို တာင်ကုန်းရဲ့ အလယ်ပိုင်းမှာ ဆောက်လုပ်ထားတာဖြစ်ပြီး မြေပြင်ကနေအောက် (၇-၁၀) မီတာ အထိရှိပါတယ်။ အိမ်လေးဟာ တစ်နှစ်ပတ်လုံးမှာ နေလို့ထိုင်လို့ ကောင်းမွန်ပြီး အပူချိန်(၂၃)ဒီဂရီ ရှိပါတယ်။ အစွန်အဖျားမှာဖြစ်တဲ့အတွက် လျှပ်စစ်ဓာတ်အားကလည်း လေးလတစ်ဖြတ်ကိုမှ ဒေါ်လာ(၂၀၀) သာ ကျသင့်မှာ ဖြစ်ပါတယ်။

Lot 624 Linsky Close, Coober Pedy
Lot 624 Linsky Close, Coober Pedy

အိမ်ပွဲစားဖြစ်သူ မစ္စတီမန့်စ်ကတော့ အိမ်ရဲ့ ရှုခင်းနဲ့တည်နေရာအနေအထားကို အခုလို ပြောပြပါတယ်။ “အိမ်က မြေအောက်ထဲမှာ ဆောက်ထားတော့ နေလို့ ကောင်းပါတယ်။ ဧည့်ခန်းကလည်း အကျယ်ကြီး၊ မျက်နှာကြက်ကလည်း အမိုးခုံးကြီးလိုပါပဲ။ နံရံတွေကလည်း ကျောက်သားနံရံတွေ ဖြစ်ပြီး လှေကားတွေနဲ့ ဆင်တူပါပဲ။ ဒါကြောင့် အားလုံးခြုံကြည့်လိုက်တဲ့အခါ ထူးခြားနေတာပါ။ ဒီထဲက ဈေးအကြီးဆုံးကတော့ မီးဖိုဆောင်နဲ့ ရေချိုးခန်း ဖြစ်ပါတယ်။ တကယ်လို့ အိမ်ကို ပြန်ပြင်ချင်တယ်ဆိုလည်း ရပါတယ်။ နံရံတွေကို ဆေးခြယ်တာ၊ အိမ်တံခါးတပ်တာ မျိုးတွေကိုလည်း လုပ်နိုင်ပါတယ်…”

READ
Fb မှာ ဒီFriend Request (၇)မျိုးကို လက်ခံမိရင် ကြုံရမဲ့နောက်ဆက်တွဲပြဿနာများ
Lot 624 Linsky Close, Coober Pedy
Lot 624 Linsky Close, Coober Pedy

မစ္စတီမန့်ကတော့ ၄င်းအိမ်နဲ့ ပတ်သက်လို့  “အခုအချိန်ထိတော့ အိမ်ကို စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အိမ်ကို လာကြည့်တဲ့သူရှိတယ်။ ဒါပေမယ့် လာကြည့်ပေမယ့် ၀ယ်သူက သိပ်စိတ်တိုင်းမကျလို့ မ၀ယ်ဖြစ်သေးဘူး….” လို့ ဆိုပါတယ်။ အခုလို တွင်းထဲ ဆောက်ပြီးနေတဲ့ အိမ်တွေဟာ ၀ယ်သူတွေ ကြားမှာတော့ ပေါ်ပြူလာဖြစ်ခဲ့တာ အမှန်ပါ။ (၂၀၁၇) ခုနှစ်တုန်းကလည်း တစ်နှစ်တာလုံး အရောင်းရဆုံးအိမ်ဟာ အခုလို မြေကြီးတူးပြီးဆောက်ထားတဲ့ အိမ်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အပူသက်သာပြီး နေထိုင်လို့ကောင်းကာ လျှပ်စစ်ဓာတ်အားအတွက် ကုန်ကျစရိတ်ကလည်း နည်းပါးခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Ref: realestate

SHARE