အိန္ဒိယရတနာတွေကို ထပ်ခိုးမှာတွေ့ပြီး ညတွင်းချင်း မီလျံနာဖြစ်လာတဲ့ ဗြိတိန်မိသားစု

မိသားစုတစ်စုဟာ သူတို့ရဲ့ အိမ်ထပ်ခိုးမှာ အိန္ဒိယနိုင်ငံက ရတနာပစ္စည်းတွေကို တွေ့ရှိပြီးနောက်ပိုင်း ညတွင်းချင်း မီလျံနာတွေ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ရတနာပစ္စည်းတွေကို ၄င်းတို့ရဲ့ ဘိုးဘေးတစ်ဦးဖြစ်တဲ့ ဗြိတိန်စစ်တပ်အရာရှိတစ်ဦးကနေ အိန္ဒိယနိုင်ငံ မိုင်ဆိုးမြို့စား ဆူလ်တန်တီပုရဲ့ နန်းတော်ကနေ ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဆူလ်တန်ဦးဆောင်တဲ့ အိန္ဒိယလွတ်မြောက်ရေးတပ်သားတွေဟာ (၁၇၉၉) ခုနှစ်မှာ ဗြိတိန်ဝယ်လင်တန်မြို့စားရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်တုန်းက ဗြိတိသျှတွေကို နောက်ဆုံးခုခံတိုက်ခိုက်ခဲ့တဲ့ အိန္ဒိယတပ်သားတွေရဲ့ လက်နက်တွေထဲမှာ “Tiger of Mysore” ဆိုတဲ့ သေနတ်တစ်လက်လည်း ပါဝင်ပါတယ်။

(Picture: BNPS)
(Picture: BNPS)

၎င်းသေနတ်ဟာ စစ်ပွဲမှာ တီပုတစ်ဦးတည်း ကိုင်ဆောင်ခဲ့တဲ့လက်နက်ဖြစ်ပြီး ကျားစင်းသဏ္ဍာန် ဒီဇိုင်းပုံနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမံထားတဲ့ ဖီရန်ဂီဓားကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖီရန်ဂီဓါးဟာ ဆူလ်တန်တီပုရဲ့ ဖခင်ဖြစ်တဲ့ ဟေဒါအလီခန်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက် အင်ဂလို-မိုင်ဆိုး စစ်ပွဲအပြီးမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေကို မေဂျာသောမတ်စ်ဟာ့တ်ကနေ ဗြိတိန်ကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သောမတ်စ်ဟာ့တ်ရဲ့ မိသားစုက ၄င်းလက်နက်တွေကို မျိုးရိုးစဉ်ဆက် သိမ်းဆည်းထားခဲ့ရာက ယခုဇနီးမောင်နှံလက်ထက် ရောက်တဲ့အထိပါပဲ။

READ
နာမည်ကြီးဖက်ရှင်ကုမ္ပဏီတွေနဲ့ လက်တွဲပြီး ပေါင်သန်းချီရှာဖွေနိုင်တော့မယ့် ဒိုင်ယာနာရဲ့တူမ
(Picture: BNPS)
(Picture: BNPS)

တန်ဖိုးကြီးတဲ့ ရှေးဟောင်းပစ္စည်းတွေဟာ သူတို့မိသားစုအိမ်ရဲ့ ဖုန်တွေ အလိမ်းလိမ်းတက်နေတဲ့ ထပ်ခိုးခန်းထဲမှာ သတင်းစာစက္ကူတွေနဲ့ ရစ်ပတ်ရင်း နှစ်ပေါင်းများစွာ ကြာအောင် ရှိနေခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ ၄င်းပစ္စည်းတွေကို လေလံတင်မယ်ဆိုရင် ပေါင်သန်းပေါင်းများစွာနဲ့ လေလံအောင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ (၂၀၁၆) ခုနှစ်တုန်းက ဆူလ်တန်တီပုရဲ့ ပစ္စည်းတစ်ခုလေးတစ်ခုကို လေလံတင်ရာမှာတင် ပေါင်(၆) သန်းလောက် ရခဲ့တာမို့ အခုလို သမိုင်းရဲ့ အရေးပါတဲ့ ပစ္စည်းတွေကို လေလံတင်ရင် ဒီထက်မက ရလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

(Picture: BNPS)
(Picture: BNPS)

လေလံသမားတစ်ဦးဖြစ်တဲ့ အန်တိုနီခရစ်ဘ်ကတော့ အခုလို ဆိုပါတယ်။ “အခု တွေ့လာတဲ့ ပစ္စည်းတွေကို ဘယ်လောက် တန်ဖိုးဖြတ်ရမလဲဆိုတာ မဆိုနိုင်ဘူး။ ဆူလ်တန်တီပုနဲ့ ပတ်သက်ပြီး အရင်တုန်းက ကျွန်တော်ရောင်းလိုက်တဲ့ ပစ္စည်းထက် ခုပစ္စည်းတွေက အပုံကြီးသာနေတယ်။ အခုပစ္စည်းတွေက တကယ့် စစ်အရာရှိတစ်ယောက်က အိန္ဒိယကို သူကိုယ်တိုင် သွားတိုက်ခိုက်ပြီး ယူလာတဲ့ပစ္စည်းတွေ၊ ပြီးတော့ ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းထားခဲ့တာလည်း အနှစ်(၂၂၀) လောက်ရှိပြီ။ ကျွန်တော်က ဆူလ်တန်ရဲ့ သေနတ်ကို မြင်မြင်ချင်း သတိလစ်သွားမတတ်ပဲ။ ဘ၀မှာ ဒါမျိုး မြင်ဖူးဖို့က အတော်ကြီး ခဲယဉ်းတာကိုး။ ပစ္စည်းတွေရဲ့ ပိုင်ရှင်တွေကတော့ အနေအေးတဲ့ သာမန်မိသားစုလေးပါပဲ…”

READ
ကားမောင်းနေရင်း ချစ်တင်းနှောခဲ့တဲ့ အတွဲကို ဝေဖန်မှုမြင့်တက်
(Picture: BNPS)

လင်းလင်း (ShweMom)

Ref: metro, ladbible, indiatoday

SHARE