Quarantine ချခံနေရချိန်အိမ်မှာ မိသားစုလိုက်ပျော်အောင်နေနေကြတဲ့ပုံရိပ်လေး

[email protected]

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါဟာ တဖြည်းဖြည်းနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများဆီ ပျံ့နှံ့လာပြီပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကာကွယ်ဆေးကလည်း မထွက်ရှိသေးတာကြောင့် ရောဂါမဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတွေကသာ ဒီရောဂါကို ဆက်လက်ပြန့်မပွားအောင် ထိန်းထားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားတော်တော်များများကလည်း ကိုယ့်နိုင်ငံကို ပြန်လည်ခိုလှုံနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်ဒီလိုနိုင်ငံခြားက ပြန်လာတဲ့ နိုင်ငံသားတော်တော်များများကို ကိုယ့်အိမ်ထဲမှာပဲ ၁၄ ရက်ကြာ Quarrantine ချထားကြပါတယ်။

[email protected]

ဘယ်လိုပဲ Quarantine ချချ ကိုယ့်အိမ်ထဲမှာ ကိုယ့်ဟာကိုယ် ပျော်အောင်နေတတ်ဖို့ပဲ လိုပါတယ်။ အခုလည်း Quarantine ချခံထားရတဲ့ မိသားစုစုဟာ အိမ်ထဲမှာပဲနေရင် HipHop သီချင်းဖွင့်ကာ ကနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာတော်တော် ပျံ့နှံ့နေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါမိသားစုမှာတော့ မိခင်ဖြစ်သူက ကတာအတော်ဆုံးလို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကနေတဲ့အချိန်တောက်လျှောက်မှာ သူတစ်ယောက်တည်း ဦးဆောင်ပြီး ကသွားတာပဲ ဖြစ်ပါတယ်။

ယောက်ျားဖြစ်သူနဲ့ သားဖြစ်သူကတော့ သိပ်ကတတ်ပုံမပေါ်ပဲ မိန်းမဖြစ်သူကိုပဲ ကြည့်ပြီး ရေလိုက်ငါးလိုက်ကနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လူကြည့်များခဲ့သလို ကြည့်ပြီးတဲ့သူတော်တော်များများကလည်း မိခင်ဖြစ်သူရဲ့ ကပုံအဆန်းတွေကို တော်တော်ကတ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

READ
ဒီပစ္စည်းတွေကိုသိတယ်ဆိုရင်တော့ သင်ဟာ တကယ်ပဲ အသက်ကြီးနေပါပြီ…

Pyi Hein Kyaw

SHARE