အမေရိကန်ဒေါ်လာ (၁)သန်းနီးပါး ကောက်ရခဲ့ပေမယ့် ရဲဌာနကို အပ်ခဲ့တဲ့ မိသားစု

Image:pixabay/kalhh

လမ်း လယ် ခေါင်မှာ ပိုက်ဆံ ကောက်ရတဲ့ ပိုက်ဆံ ထုပ် ကောက်ရတဲ့ အ မေရိကန် မိသားစု တစ်စု ရဲ့ အ ကြောင်းကို တော့ CNN မှာ ဖော်ပြ ထားပါတယ်။ဒီမိသားစု ကတော့ အမေရိကန် ပြည်ထောင် စု Virginia ပြည်နယ်ကပါ။သူတို့ က တော့ ကံ ထူးပြီး ပိုက် ဆံ  အ မေရိကန် ဒေါ်လာ တစ်သန်း လောက်ကို လမ်းလယ် မှာ ကောက်ရခဲ့တာပါ။ဒီဖြစ်ရပ် ကတော့ ပြီးခဲ့တဲ့ သီတင်း ပတ် ကုန် ပိုင်းက ဖြစ်ခဲ့တာပါ။

Image:twitter/Caroline County Sheriff’s Office

Schantz  မိသားစုရဲ့ ကား ရှေ့ မှာတော့ အမှိုက်အိတ်အကြီးကြီး ကို တွေ့ ခဲ့တာ လို့ Caroline ခရိုင် အရာရှိ တစ်ယောက်က ဆိုပါတယ်။Schantz မိသားစု ကတော့ အမှိုက် အိတ် ကို မြင်တာ နဲ့ ဒီ အတိုင်းထား မသွားပဲ လမ်းပေါ်က ဘာမှန်းမသိတဲ့ အမှိုက် အိတ် ကြီးကို ကောက်ယူ ပြီး ထရပ်ကား နောက်မှာ တင်ခဲ့တာပါ။လမ်းပေါ်မှာပဲ နောက်ထပ် အိတ်ကို ထပ် တွေ့ ခဲ့ပြီး အဲ့ဒီ အိတ် ကိုလည်း ထပ်ကောက် ထပ်တင် လာခဲ့ပါတယ်။ ည နေ ပိုင်း လောက် မှာတော့ အမှိုက် အိတ် တွေ ပစ်မယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ပစ်မယ်လုပ်ခါ နီး တော့ ပါဆယ် ထုပ် လို့ ထင် ပြီး အထဲကို ကြည့်တဲ့ အချိန်မှာတော့ ပိုက်ဆံ တွေ ကို တွေ့ ခဲ့ပါတယ်။ပိုက်ဆံ တွေကို မြင်တာ နဲ့ ချက် ချင်းပဲ ငြိမ်ဝပ် ပိပြားရေး အရာရှိ တစ်ယောက် ဆီကို သွားခဲ့ပါတယ်။

READ
ပီဇာလည်းစားရမယ် ပိုက်ဆံလည်းရမယ်ဆို အဲ့လို အလုပ်မလုပ်ချင်ဘူးလား....

အိတ်နှစ်ခု ထဲမှာ ပိုက်ဆံ တွေ ရှိနေပြီး ဒေါ်လာ တစ်သန်း လောက်ရှိပါတယ်။လက်ရှိမှာတော့  အမေရိကန် စာပို့ ရုံးကို မလွှဲ ပြောင်းမီ ငြိမ်ဝပ်ပိပြားရေး ရုံး က နေ ဒီကိစ္စ ကို စုံစမ် စစ်ဆေး  နေပါတယ်။ဘယ်က ပိုက်ဆံ တွေ လဲ၊ဘယ်သူက ဒီပိုက်ဆံ တွေ ကို ပိုင်ဆိုင်သင့်သလဲ ဆိုတာကို တော့ အခုထိ ပြောလို့ မရ သေးတဲ့ အ ခြေ အနေပါ။လက်ရှိမှာတော့ ပိုက်ဆံ တွေ ကို ပိုင်ရှင် အစစ် လိုက်ရှာပြီး ပြန်ပေးနိုင် ဖို့ လုပ် နေပါတယ်။ဒေါ်လာ တစ်သန်း လောက်ရှိတဲ့ ပိုက် ဆံကို မြင် တာ တောင်မှ  မ တော် လောဘ မတက်တဲ့ Schantz  မိသားစု ကိုတော့ အားလုံးက ချီးကျူး နေကြပါတယ်။

READ
ဘောလိဝုဒ်စူပါစတား သျှရီဒေဝီမှာ အသတ်ခံရခြင်းဖြစ်ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးစွပ်စွဲ
#SHWEMOM
SHARE