ဒုက္ခရောက်နေတဲ့ ဝက်ဝံလေးကို စွန့်စွန့်စားစားနဲ့ ကယ်တင်ခဲ့တဲ့ မိသားစု

[email protected] Hurt

လူသားတွေထဲမှာ ကြင်နာတတ်တဲ့ လူတွေလဲ ရှိသလို အကြင်နာတရားခေါင်းပါးတဲ့ လူတွေလဲ ရှိပါတယ်။ အခုလည်း မိသားစုတစ်စုဟာ မြစ်ထဲမှာ ငါမျှားထွက်နေတုန်း စည်းကမ်းမဲ့တဲ့လူတွေ ပစ်သွားတဲ့ ရေသန့်ဗူးခွံကြီး ခေါင်းမှာ စွပ်မိပြီး ဒုက္ခရောက်နေတဲ့ ဝက်ဝံတစ်ကောင်ကို အချိန်မှီကယ်တင်နိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Hurt

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်ရှိ Marsh-Miller ရေကန်ကြီးကို Brain တို့မိသားစု သုံးယောက် ငါးမျှားထွက်ခဲ့ပါတယ်။ Brain ရယ်၊ သူ့ဇနီးသည် Tricia Hurt ရယ်နဲ့ သူတို့ရဲ့သား Brady တို့ဟာ ငါးဖမ်းလှေနဲ့ ရေကန်အလယ်မှာ ငါးမျှားနေတုန်း ခပ်လှမ်းလှမ်းရှိ ရေပြင်ကနေ တဗွမ်းဗွမ်းနဲ့ ရေကူးခတ်နေတဲ့ အသံကို ကြားခဲ့ရပါတယ်။ ဒီလိုနဲ့ အဲဒီနေရာကို မိသားစု သုံးယောက်လုံး လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ ဝက်ဝံလေးတစ်ကောင် ယက်ကန်ယက်ကန်နဲ့ ရေကူးနေတာကို တွေ့လိုက်ရပါတယ်။

READ
အိန္ဒိယတွင် မြစ်ရေထဲ ဆင်းတဲ့ခွေးတွေ ရေထုညစ်ညမ်းမှုကြောင့် အပြာရောင်သို့ပြောင်းနေ

ဒီလိုနဲ့ အနီးကပ်သေချာ သွားကြည့်လိုက်တဲ့အချိန်မှာတော့ အဆိုပါဝက်ဝံလေးရဲ့ ခေါင်းမှာ ပလပ်စတစ်ရေသန့်ဗူးခွံအကြီးကြီး စွပ်မိနေတာကို တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့ဝက်ဝံလေးအနားကို သွားရောက်ပြီး အဆိုပါဗူးခွံကြီးကို ချွတ်ပေးဖို့ လုပ်တဲ့အချိန်မှာတော့ ဝက်ဝံလေးဟာ ကြောက်လန့်တကြား ရေကူးပြီး ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်မှာ Brain တို့လဲ ဝက်ဝံလေးအနောက်ကို အသာလေး မှိန်းလိုက်ပြီး လက်တစ်ကမ်းအလို ရောက်တဲ့အချိန်မှာတော့ အဆိုပါ ရေသန့်ဗူးခွံကြီးကို စွပ်ခနဲ ဆွံချွတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါဝက်ဝံလေးလဲ ကမ်းစပ်ဘက်ကို ရေကူးသွားပြီး တောထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရပါတယ်။

Facebook[email protected] Hurt

“သနားပါတယ်ဗျာ။ ကျွန်တော်တို့နဲ့သာ မတွေ့ရင် သူဘယ်အချိန်လောက်အထိ အဲဒီလို ရေသန့်ဗူးခေါင်းစွပ်ကြီးနဲ့ နေနေရမလဲ မပြောတတ်ဘူး။ လူတွေကလဲ ဒီလိုတောအုပ်နဲ့ နီးတဲ့နေရာတွေမှာ အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်သင့်ပါတယ်ဗျာ။ ဒါတောင် ကျွန်တော်တို့တွေ့တာ တစ်ကောင်ပဲ။ ဒီလိုပုံစံမျိုးနဲ့ နောက်ထပ်ဘယ်နှစ်ကောင်တောင် ရှိနေဦးမလဲ မသိဘူး” လို့ Brain က ပြောကြားခဲ့ပါတယ်။

Never dreamt we would ever do this in our life time. Out on Marshmiller Lake yesterday with Brian Hurt and Brady Hurt when we spotted this poor bear. He made it to shore after all that.

Posted by Tricia Hurt on Sunday, 28 June 2020

Pyi Hein Kyaw

SHARE