လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို အိမ်ထဲမှာပဲ နေနေရတဲ့ အချိန်ဖြစ်ပါတယ်။ ဘယ်အချိန်မှာမှ ပြီးဆုံးနိုင်မှန်း မသိတဲ့ ဒီကပ်ရောဂါကြီးကြောင့် နေ့ရက်တိုင်းကို အိမ်ထဲမှာပဲနေပြီး ဖြတ်သန်းနေရတဲ့ လူသားတွေအဖို့တော့ တော်တော်လေးကို ပျင်းရိစရာကောင်းတဲ့ အချိန်ကာလတစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဟာကိုယ် အိမ်မှာနေပြီး ဖန်တီးယူလို့ ရပါတယ်။ အခုလည်း အမေရိကန်နိုင်ငံက မိသားစုတစ်စုဟာဆိုရင် သားဖြစ်သူရဲ့ အသက် ၂၁ နှစ်ပြည့်မွးနေ့ပွဲကို ကျင်းပဖို့အတွက် အိမ်မှာရှိတဲ့ ဂိုထောင်ကြီးကို နိုက်ကလပ်အသွင်ပြောင်းပြီး မိသားစုလိုက်ကျင်းပခဲ့ကြောင်း Buzzfeed News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
@emilytorchiaIt was a good time ##ButterGlossPop ##gamingszn ##selfquarantine ##coronavirus ##MoodBoost ##21♬ original sound – emilytorchia
အပေါ်မှာ တွေ့ရတဲ့ ဗီဒိယိုကိုတော့ အမေရိကန်နိုင်ငံ၊ New Jersey ပြည်နယ်ရှိ Roseland မြို့မှာ နေထိုင်တဲ့ Emily Torchia လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်က တင်ခဲ့တာပါ။ Emily ရဲ့ အကိုဖြစ်သူဟာ သူ့ရဲ့ မွေးနေ့တိုင်းကို နိုက်ကလပ်မှာ ကျင်းပနေကြဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၁ နှစ်ပြည့်မွေးနေ့ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် Emily နဲ့ Emily ရဲ့ မိဘနှစ်ပါးဟာ တိုင်ပင်ပြီး သားဖြစ်သူမွေးနေ့ပွဲကို အိမ်ကဂိုထောင်ထဲမှာ ကလပ်အသွင်ဖန်ဆင်းပြီး ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအကြောင်းကို Emily ရဲ့ အကိုကို မပြောပဲ surprise လုပ်ကာ နောက်ဆုံးမှာတော့ မိသားစု ၄ ယောက်စလုံး ပျော်ရွှင်ခဲ့ရပါတယ်။
@emilytorchiaMake my fam famous it’s my brothers 21st birthday ##ButterGlossPop ##tiktokreviews ##MySkinandME ##boredathome♬ original sound – pjack17
“အဖေကတော့ ကလပ်က လုံခြုံရေးအစောင့်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အမေကတော့ ကလပ်က အဖျော်ဆရာအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မကတော့ ဒီမွေးနေ့ပွဲကို အစအဆုံးမှတ်တမ်းတင်ရိုက်ကူးဖို့ တာဝန်ယူခဲ့ပါတယ်။ ကျွန်မတို့ မိသားစု လေးယောက်စလုံးအတွက် တော်တော်ပျော်ဖို့ကောင်းတဲ့အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မအကိုကလည်း ဒီလိုမျိုးသူ့ရဲ့ မွေးနေ့မှာ အမှတ်တရလုပ်ပေးခဲ့လို့ တော်တော်လေးကို ပျော်နေပါတယ်”လို့ Emily က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw