ဇာတ်ကား အပေါ် ရူးသွပ်လွန်းလို့ ကိုယ်ပိုင် ‘Alien’ ပြတိုက်လေး ဖန်တီးခဲ့တဲ့ အမျိုးသား

Image:IG/luis_nostromo

‘Alien’ ဇာတ်ကားရဲ့ Fan တစ်ယောက်က တော့ ဇာတ်ကားကို ဘယ်လောက်ထိ ရူးသွပ်သလဲ ဆိုရင် သူ့တိုက်ခန်းကို တောင် မှ ဘ၀ ပြောင်းပစ်လိုက်တဲ့ အထိ ကို ရူးသွပ်ခဲ့ပါတယ်။‘Alien’ ဇာတ်ကားထဲက Nostromo အာကာသ ယာဉ် လို ပုံစံ မျိုး တု ပ ပြီး စပိန်နိုင်ငံ Barcelona မြို့မှာ ရှိတဲ့ သူ့တိုက်ခန်းကို ဒီဇိုင်း ပြောင်းခဲ့ပါတယ်။တိုက်ခန်းရဲ့ အတွ င်း ပိုင်းတွေ အကုန်လုံးကို အမိုက်စား ဖြစ် အောင် ပြောင်းလဲ ခဲ့တာပါ။ဒီအ ကြောင်းကိုတော့ oddity central မှာ ဖော်ပြထားတာပါ။

အသက် (၄၃)နှစ်ရှိနေတဲ့ Luis Nostromo က တော့ Alien ဇာတ်ကားကို က လေး ဘ၀တည်းက ကြည့်လာ ခဲ့တာ ဖြစ် ကြောင်း၊ကြောက်စရာ ကောင်းပေမယ့် သူ အရမ်းကြိုက်တဲ့ ဇာတ်ကားပါလို့ ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ် (၂၀)ကျော် လုံးလုံး Alien နဲ့ ပတ်သက်တာတွေကို အသည်းအသန် စုဆောင်း ရင်း သူ့ရဲ့ အချိန် တွေ ကို ကုန်လွန်လာ ခဲ့သူပါ။ လွန် ခဲ့တဲ့ သုံးနှစ် မှာတော့ သူ့ရဲ့ ကိုယ်ပိုင် Alien ပြတိုက် လေး ကို ပုံဖော်လာနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။

ဇာတ်ကားကို အရမ်း စွဲလန်းရူးသွပ်နေတဲ့ Luis Nostromo က တော့ နောက်ဆုံး မှာ သူတိုက်ခန်းကို ဇာတ်ကားထဲက Nostromo ယာဉ် ပုံစံ မျိုး ပြောင်းလဲ ပစ်နိုင်ခဲ့ပါတယ်။အခုထိ တော့ ပြောင်းလဲမှုတွေ ပြုလုပ် နေစဲ ဖြစ်ပြီး ပြီးခါ နီး နေပါပြီ။ဖန်တီးမှု က တော့ ဘယ်လောက်ထိ မိုက်လဲ ဆိုရင် သူ့ရဲ့ Instagram မှာ တင်ထားတဲ့ ပုံတွေ ကို ကြည့်ရင် သိနိုင် ပါတယ်။တိုက်ခန်းအတွင်းပိုင်းထဲကို ၀င် ကြည့်လိုက်ရင် တော့ ဒါဟာ သာမန်တိုက်ခန်းလို့ ကို လုံးဝ ယုံ နိုင်စရာ မရှိပဲ တကယ့် အာကာသယာဉ် ထဲကိုေ ရာက် နေသလို ကို ခံစား ရ စေမှာပါ။

စမ်းသပ်ခန်း laboratory လည်း ပါရှိပါတယ်။နေရာ လွတ်မ ရှိ တော့ ပစ္စည်းတွေကို ဒီကို ရွှေ့ဖို့ ဆုံးဖြတ်လိုက်တာ၊ရိုက်ကွ င်း ပုံစံကို ပြန်လည် ဖန်တီးခဲ့တယ်၊ဒါကို လုံးဝ အထူးစပယ်ရှယ် ဖြစ် အောင် ဖန်တီး ချင်ခဲ့တာ လို့ Luis Nostromo က ပြောပါတယ်။အားတဲ့ အချိန် တိုင်း ကိုယ်ပိုင် Alien museum လေးကို လွန်ခဲ့တဲ့ သုံးနှစ်တည်းက ဖန်တီးလာခဲ့ ပြီးေ နာက် အခုတော့ သူ့ အိမ်မက်တွေ က တကယ်ဖြစ်လာခဲ့ပါပြီ။

အပြီးသတ် ကို တော့ (၂၀၂၀) နှစ်ကုန်ပိုင်းလောက် မှာ လက်စ သတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ Luis Nostromo က တော့ သူ့ နေရာ လေး ကို ခရီးသွားစွဲဆောင်ရာ နေရာ တစ်ခု အဖြစ် ပါ ပြောင်းလဲ ပစ်ဖို့ အစီအစဉ် ရှိမရှိ တော့ ဘာမှ မ ပြော သေးပေမယ့် Alien Fan တွေ က တော့ လာ လည် ချင် ရင် ဆိုရှယ်မီဒီယာက တစ်ဆင့် သူ့ကို ဆက်သွယ်ပြီး လာလည် လို့ ရတယ်လို့ ပြောခဲ့ပါတယ်။


#SHWEMOM

SHARE