မျက်စိလည်လမ်းမှားပြီး ဘောလုံးပွဲထဲ ရောက်လာတဲ့ ကြောင်နက်လေး

twitter/bubbaprog

အမေရိကန်နိုင်ငံက NFL Cowboys နဲ့ NFL Giants ဘောလုံးနှစ်သင်းဟာ ကစားနေတုန်း ဘောလုံးပွဲစဉ်ရဲ့ ဒုတိယပိုင်းလောက်မှာ မမျှော်လင့်တဲ့ အနှောင့်အယှက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရကြောင်း news.com.au သတင်းအရ သိရပါတယ်။ အဲ့ဒါကတော့ ကွင်းထဲကို ကြောင်နက်တစ်ကောင် ၀င်လာခဲ့ပြီး ကွင်းထဲမှာ လျှောက်ပြေးနေခဲ့တာ ဖြစ်ပါတယ်။

 

၎င်းကြောင်နက်ရဲ့ ဘောလုံးကွင်းထဲမှာ ကစားသမားတစ်ဦးအလား လျှောက်ပြေးနေတဲ့ အပြုအမူကိုတော့ ESPN ရဲ့ အစီအစဉ်ကြေညာသူတစ်ဦးဖြစ်တဲ့ ကယ်ဗင်ဟာလန်က ပြောပြနေခဲ့တာ ဖြစ်ပါတယ်။ ကြောင်နက်ရဲ့ ယောက်ယပ်ခတ်နေတဲ့ အပြုအမူကြောင့် ကွင်းထဲက ကစားသမားတွေတောင် ဆက်မကစားနိုင်တော့ပဲ သူ့ကို ရပ်ကြည့်နေခဲ့ကြပါတယ်။

 

ကြောင်လေးခများမှာလည်း သူ့ဘာသာသူ မျက်စိလည် လမ်းမှားပြီး ဘောလုံးကွင်းထဲ ၀င်လာခဲ့ရာမှ သူ့ကို လူတွေအများကြီးက ၀ိုင်းကြည့်နေကြတာတွေ့တော့ သူလည်း စိတ်ရှုပ်သွားပုံပါပဲ။ ကွင်းထဲမှာ ခဏရပ်လိုက်၊ ဟိုပြေးသည်ပြေးလုပ်နေရာကနေ နောက်ဆုံးတော့မှ လူသွားထိုင်ခုံတွေရှိရာ သွားလမ်းအပေါက်ကို တွေ့သွားပါတော့တယ်။

READ
မျက်လှည့်ဆရာရဲ့ ကိုယ်ပျောက်မျက်လှည့်မှာ ဂျင်းထည့်ခံလိုက်ရတဲ့သူ

Cowboys မှ ကစားသမား ဒက်ခ်ပရီစကော့တ်ကတော့ သူ့အနေနဲ့ ကြောင်ဝင်လာတာ မြင်ရတဲ့အခါ ဘာလုပ်ရမှန်းတောင် မသိဘူးလို့ ဆိုပါတယ်။ “ကျွန်တော်ကတော့ ဒီကောင့်ကို ဘယ်သူဖမ်းမလဲဆိုတာပဲ သိချင်တယ်။ ကျွန်တော် အယူသီးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီကြောင်နားတော့ မသွားလိုက်ဘူး။ တော်ပါသေးရဲ့ဗျာ။ ကြောင်က သူ့ဘာသူ ကွင်းထဲကနေ ထွက်တဲ့လမ်းကြောင်းပြန်တွေ့သွားလို့…” လို့ ပြောပြခဲ့ပါသေးတယ်။

ကွင်းထဲကို မျက်စိလည်ပြီး ၀င်လာတဲ့ ကြောင်လေးဟာ MetLife အမည်ရတဲ့ ဘောလုံးကွင်းအိမ်ရာထဲက လမ်းဘေးကြောင်လေးတစ်ကောင်သာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ၄င်းကြောင်လေးကို ဖမ်းဆီးကာ သေချာပြုစုစောင့်ရှောက်ထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။ အောက်မှာတွေ့ရမှာကတော့ ကြောင်နက်လေးရဲ့ ဘောလုံးကွင်းထဲ ၀င်ရောက်လာတဲ့ ဗီဒီယိုဖိုင်ကို တခြားခွေးတွေ ကြောင်တွေက အားပေးနေကြတဲ့ မြင်ကွင်းလေးတွေပါ။

READ
သေချာမကြည့်ရင် မျက်လုံးပြူးသွားနိုင်သည့်ဓာတ်ပုံများ

 

 

လင်းလင်း (ShweMom)

SHARE