သင်ဟာ ဖက်ရှင်ကျသူဆိုရင် သင့်ဘီရိုထဲမှာ မလွဲမသွေ ဒီလိုအဝတ်အစားမျိုးတွေ ရှိနေမှာပါ

ဖက်ရှင်ကျကျဝတ်တတ်တဲ့ မိန်းကလေးတိုင်းရဲ့ဘီရိုကတော့ စတိုင်ကျပြီးလှတဲ့ အ၀တ်အစားတွေ အများကြီးနဲ့ပြည့်နေမှာပါ။ ဖက်ရှင်ကျဖို့အတွက် ပိုက်ဆံချမ်းသာနေစရာမလိုပါဘူး။ ရှိတာလေးနဲ့ ဖက်ရှင်ကျကျ ၀တ်တတ်တာကတော့ ပညာပါ။ ဖက်ရှင်ကျသူလေးတွေရဲ့ ဗီရိုတွေထဲမှာ ဒီလိုအ၀တ်အစားမျိုးတွေ ရှိနေတတ်တယ်နော် ….

(၁) အမည်းရောင်ဂါဝန်

fabhow

သူတို့ဘီရိုထဲမှာ အဓိကစမြင်ရမှာကတော့ အမည်းရောင်တွေပါ။ ဒီထဲမှာမှ အမည်းရောင်ဂါဝန် (little black dress) ရှိနေတတ်ပါတယ်။ အကြောင်းကတော့ အမည်းရောင်က လူကို ယုံကြည်မှုရှိစေပြီး စတိုင်ကျစေတဲ့ အရောင်မျိုးဖြစ်လို့ ဖက်ရှင်ကျကျဝတ်တတ်တဲ့ မမတွေရဲ့ ဘီရိုထဲမှာ ရှိနေတတ်တာပဲဖြစ်ပါတယ်။

(၂) အမည်းရောင် ဘောင်းဘီ

fabhow

ဒီအမည်းရောင် ဘောင်းဘီကတော့ သူတို့ဆီမှာ မရှိမဖြစ် ရှိနေမှာပါ။ ဘယ်လိုအ၀တ်အစားမျိုးနဲ့တွဲဝတ်ဝတ် အဆင်ပြေမယ့် ဘောင်းဘီအရောင်မျိုး ဖြစ်နေလို့ပါ။ ဖက်ရှင်ကျချင်တဲ့ မမတွေအတွက်လည်း အမည်းရောင် ဘောင်းဘီမျိုးကို ၀တ်ဖို့ညွန်းပေးချင်ပါတယ်။

READ
သင့်အိမ်မွေးတိရစ္ဆာန်လေးက အထီးကျန်နေပြီလားဆိုတာ သိနိုင်တဲ့လက္ခဏာများ

(၃) ဂျင်းဘောင်းဘီ

fabhow

သူတို့ဆီမှာ ဂျင်းဘောင်းဘီ အတိုအရှည် ၊ ဒီဇိုင်းမျိုးစုံရှိနေမှာပါ။ ဖက်ရှင်ကျကျ ၀တ်တတ်တဲ့ မမတွေက ဂျင်းဘောင်းဘီတွေကို ဒီဇိုင်းမျိုးစုံဝတ်တတ်ပါတယ်။ အကျီင်္က ဘယ်လိုပုံမျိုးပဲဖြစ်ဖြစ် ဂျင်းဘောင်းဘီနဲ့လိုက်နေမှာပါ။ ဂျင်းဘောင်းဘီက ဒီဇိုင်းဟောင်းနေပြီဆိုရင်တော့ အပေါက်အပြဲပုံစံမျိုး လုပ်ဝတ်တတ်ပါသေးတယ်။

(၄) ဆွဲဆောင်မှုရှိတဲ့ Jumpsuit

fabhow

ဖက်ရှင်ကျတဲ့ မမတွေတိုင်းမှာ ဆွဲဆောင်မှုရှိတဲ့ Jumpsuit တွေရှိကြပါတယ်။ Jumpsuit ကတော့ အပေါ်အောက် မလိုက်မှာတွေ စဉ်းစားစရာမလိုဘဲ ၀တ်လို့ရပါတယ်။ သူတို့တွေက Jumpsuit ကိုအကြိုက်ဆုံးဖြစ်ပြီး Jumpsuit နဲ့အတူ ဆွဲကြိုးနဲ့တွဲဝတ်တတ်ကြတယ်။

(၅) တီရှပ်ရောင်စုံ

fabhow

တီရှပ်ရောင်စုံကို ၀တ်ရတာကြိုက်သလို ၊ ၀ယ်ရတာလည်း ကြိုက်တယ်။ ဖက်ရှင်ကျကျဝတ်တတ်ပေမယ့် တစ်ခါတစ်လေ ရိုးရိုးလေးနဲ့လန်းချင်တယ်ဆိုရင် တီရှပ်ကို ဘောင်းဘီတို ၊ ရှည်လေးနဲ့ဝတ်လိုက်ကြတယ်။ ဒါကြောင့်လည်း တီရှပ်ကို ရောင်စုံ ၀ယ်ထားတာပဲဖြစ်ပါတယ်။

READ
အတ္တကြီးသူများတွင် မတွေ့ရသည့် အချက်(၆)ချက်

(၆) Leather Jacket

fabhow

Leather Jacket ကတော့ သူတို့ဆီမှာ မရှိမဖြစ် ၊ မလွဲမသွေရှိနေမှာပါ။ ဖက်ရှင်အမြင်ရှိနေတဲ့ သူတို့အဖို့ leather jacket ကို ဂါဝန် ၊ T-shirt ၊ အကျီင်္အပေါ်ထပ်အဖြစ် ဖက်ရှင်ကျအောင် ၀တ်တတ်ကြပါတယ်။

Hannwe Soe

SHARE