မွေးရာပါ ဥာဏ်ရည်မမီတဲ့သမီးလေး ဘွဲ့ရသွားလို့ ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဖခင်ကြီး

[email protected]

မွေးရာပါဥာဏ်ရည်မမှီတဲ့ ကလေးအများစု ဖြစ်နေတဲ့ ဝေဒနာကို Down Syndrome ရောဂါလို့ခေါ်ပါတယ်။ သူတို့လေးတွေဟာ ကံမကောင်းအကြောင်း မလှလို့ ဒီလိုဝေဒနာမျိုးကို ခံစားပြီး ကြီးပြင်းလာကြတာပါ။ ဒီကလေးတွေဟာ များသောအားဖြင့် စိတ်အရမ်းထိခိုက်လွယ်သလို လူ့ပတ်ဝန်းကျင်နဲ့နေထိုင်ရတာလည်း သူတို့တွေအတွက် တော်တော် အခက်အခဲဖြစ်စေပါတယ်။ သူတို့အနီးက လူ့ပတ်ဝန်းကျင်ဟာ သူတို့ကို နားလည်ပေးရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုမဟုတ်ပဲ လူစိတ်မရှိ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ လူ့အသိုင်းအဝိုင်းနဲ့ အနေနီးရင်တော့ သူတို့ဘဝအတွက် တော်တော်အခက်အခဲ ဖြစ်စေပါတယ်။

[email protected]

အခုပြောပြချင်တဲ့ ကောင်မလေးကတော့ Down Syndrome ရောဂါကို ခံစားနေရတဲ့ Rachel Handlin ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။ Rachel ဟာ မွေးကင်းစကလေးအရွယ်ကတည်းက ဒီရောဂါကို ခံစားနေရတာပါ။ ဒီလိုအခြေအနေနဲ့ ကြီးပြင်းလာလို့လဲ သူ့ဘဝကြီးကို သူလက်မလျှော့ခဲ့ပါဘူး။ သူဝါသနာပတဲ့ ဓာတ်ပုံပညာကို လေ့လာလိုက်စားခဲ့ပြီး အခုဆိုရင် California Institute of the Arts က Photography & Media ဘွဲ့ကို အရယူနိုင်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
အားလုံးနဲ့ ဝေးရာမှာ တသီးတသန့်တည်ဆောက်ထားတဲ့ နေချင်စဖွယ် အိမ်ငယ်လေးများ
[email protected]

ဒီလို Rachel လေးတစ်ယောက် ဘွဲ့ရသွားတဲ့အပေါ်မှလြည်း သူ့ဖခင်ဖြစ်သူ Jay Handlin က ဂုဏ်ယူမဆုံးဖြစ်နေပါတယ်။ Jay ကတော့ Rachel လေးငယ်စဉ်ကတည်းကနေ အသက်ကြီးလာတဲ့အချိန်အထိ ဖခင်ကောင်းတစ်ယောက်ပီသစွာ Rachel လေးကို အရိပ်တကြည့်ကြည့်နဲ့ ကြီးပြင်းစေခဲ့ပါတယ်။ Rachel လေး အသက်ကြီးလာတော့လဲ သူဝါသနာပါတဲ့ ဓာတ်ပုံပညာကို လေ့လာနိုင်အောင် အဖက်ဖက်က ပံ့ပိုးပေးခဲ့ပါတယ်။

[email protected]

“အစကတော့ သမီးကို ကျွန်တော် ကျောင်းမလွှတ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ စိတ်နေစိတ်ထား သိတဲ့အတိုင်းပဲ။ အားနည်းသူဆို ပိုပြီး အနိုင်ကျင့်ချင်ကြတယ်လေ။ သမီးလေး လူတွေကြောင့် စိတ်ဝေဒနာ ခံစားရမှာ စိုးရိမ်တဲ့ စိတ်နဲ့ သဘောမတူခဲ့ဘူး။ ဒါပေမယ့် သမီးက ဒီကျောင်းကိုတက်ပြီး ဘွဲ့ရအောင်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အရမ်းခိုင်မာနေတော့ ကျွန်တော် ခွင့်ပြုပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ သမီးကြောင့် ကမ္ဘာပေါ်မှာ ဂုဏ်အယူရဆုံး ဖခင်တစ်ယောက် ဖြစ်နေပါပြီ” လို့ Jay ကကက   ပြောကြားခဲ့ပါတယ်။

READ
နယူးယောက်ဖက်ရှင် Week ပွဲကို လှုပ်ခတ်စေခဲ့တဲ့ ဒေါင်း မော်ဒယ် Sofía Jirau
[email protected]

 

Pyi Hein Kyaw

SHARE