သမီးရဲ့ မင်္ဂလာဆောင်ဝတ်စုံဝယ်ဖို့ ဆိုင်ရှေ့မှာ ညလုံးပေါက်တန်းစီစောင့်ခဲ့တဲ့ ဖခင်ကြီး

[email protected]

မိဘမေတ္တာဆိုတာ တကယ်ကို ဘာနဲ့မှနှိုင်းလို့မရပါဘူး။ Indian Express ရဲ့ ဖော်ပြချက်အရ ဖခင်တစ်ဦးဟာ သူ့သမီးမင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံကို ဝယ်ယူဖို့ သမီးနဲ့အတူ ညလုံးပေါက် စောင့်ပေးနေခဲ့ကြောင်း သိရပါတယ်။

 

Elisa Ray လို့ အမည်ရတဲ့ မိန်းကလေးဟာ မင်္ဂလာဆောင်ရန် ငွေရေးကြေးရေးအခက်အခဲရှိလို့ စရိတ်လျှော့ချဖို့အတွက် စီစဉ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စတိုးဆိုင်တစ်ခုကနေပြီးတော့ မင်္ဂလာဆောင်ဝတ်စုံတွေကို ဒေါ်လာ၁၅၀ နဲ့ ရောင်းပြီး ဈေးချနေပါတယ်။ ဒါကိုတွေ့သွားတဲ့ Elisa ဟာ ဖခင်ကြီးကို အကူအညီတောင်းပြီး သွားဝယ်ခိုင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးချထားတဲ့ ပစ္စည်းဖြစ်တာကြောင့် လူတွေ အလုအယက်ဝယ်ယူရမှာဖြစ်ပြီး စတိုးဆိုင်ကလဲ မနက် ၄ နာရီကတည်းက တန်းစီစောင့်နိုင်ကြောင်း အသိပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။

READ
ကျောင်းသားဆီကနေ ကိုကင်း မျှရှူခဲ့သည့် ယဉ်ကျေးလိမ္မာဆရာမကို ရာထူးမှထုတ်ပယ်

 

Ray ဟာ သူ့ဖခင်ကို လိုင်းထဲမှာ တန်းစီဖို့ပဲ ပြောခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ မနက် ၄ နာရီမထိုးခင် Ray တစ်ယောက် အဆိုပါဆိုင်ကို ရောက်ခါနီးမှာပဲ သူ့ဖခင်ကို ဖုန်းဆက်တဲ့အချိန်မှာ သူ့ဖခင်ကြီးက စတိုးဆိုင်မှာ ရောက်နေတဲ့အပြင် ညကတည်းက စပြီးစောင့်နေတာမို့ လူတန်းကြီးရဲ့ အရှေ့ဆုံးမှာ ထိုင်ခုံလေးနဲ့ထိုင်နေပြီး လက်ထဲမှာ ကော်ဖီခွက်ကလေးတောင် ကိုင်ထားပါသေးတယ်။

Twitter/ElisaRay

Ellisa ဟာ သူ့ဖခင်အကြောင်းကို Twitter အကောင့်မှာ တင်လိုက်တဲ့အချိန်မှာတော့ Twitter အသုံးပြုသူတော်တော်များများဟာ Ellisa ရဲ့ ဖခင်ကို စံပြအဖေတစ်ယောက်အဖြစ် ဝိုင်းချီးကျူးခဲ့ပါတယ်။

Pyi Hein Kyaw

SHARE