သမီးလေးအရွယ်ရောက်လာပုံကို တဆင့်ချင်းမှတ်တမ်းတင်ထားတဲ့ အဖေ့မေတ္တာ

twitter/shingo_camera

မိသားစုကိုချစ်တတ်တဲ့ ဂျပန်လူမျိုးဖခင်တစ်ယောက်ဟာ သမီးဖြစ်သူကြီးပြင်းလာတာကို မှတ်တမ်းတင်ဖို့အတွက် ထူးထူးခြားခြား အိုင်ဒီယာတစ်ခုရခဲ့ပါတယ်။ တွစ်တာအသုံးပြုသူ @shingo_camera အမည်နဲ့ ဓာတ်ပုံဝါသနာပါသူဖြစ်တဲ့ အဆိုပါအမျိုးသားဟာ ငါးနှစ်အတွင်း သမီးဖြစ်သူ တဖြည်းဖြည်းအရွယ်ရောက်လာပုံကို နာရာဘုရားကျောင်းမှာ ဓာတ်ပုံ၎ပုံနဲ့ မှတ်တမ်းတင်ခဲ့ကြောင်း soranews24 အရ သိရပါတယ်။

twitter/shingo_camera

နာရာဘုရားကျောင်းဟာ နာရာဥယျာဉ်ထဲမှာရှိပါတယ်။ ဥယျာဉ်ထဲမှာတော့ သဘာဝအတိုင်းလွှတ်ထားတဲ့ သမင်တွေနဲ့ သမိုင်းဝင်အဆောက်အဦးတွေရှိပါတယ်။ နာရာစီရင်စုထဲက Sakurai မြို့မှာတော့ စိတ်ဝင်စားစရာကောင်းတဲ့လည်ပတ်စရာနေရာတွေထဲ Hasedera ဘုရားကျောင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

twitter/shingo_camera

Hasedera ဘုရားကျောင်းဟာ တောင်ပေါ်မှာတည်ရှိပါတယ်။ လှေကားထစ်တွေရဲ့အဆုံးမှာတော့ လှပတဲ့ရှုမျှော်ခင်းနဲ့ ဘုရားကျောင်းကဆီးကြိုနေပါတယ်။ ဘုရားကျောင်းရဲ့အလှကတော့ တစ်ကြိမ်တစ်ခါလောက်ရောက်ဖူးရုံနဲ့တင် မလုံလောက်ပါဘူး။ Hasedera ဘုရားကျောင်းကို ပန်းဘုရားကျောင်းလို့လည်း သိကြပြီး ရာသီအပြောင်းအလဲတိုင်းမှာ ဘုရားကျောင်းရဲ့ထူးခြားတဲ့သဘာဝရှုမျှော်ခင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။

twitter/shingo_camera
twitter/shingo_camera

အောက်မှာတော့ @shingo_camera က ၄င်းရဲ့သမီးဖြစ်သူ Hasedera ဘုရားကျောင်းထဲ ဝတ်ပြုနေတာကို ရာသီအလိုက် ဓာတ်ပုံရိုက်ကူးထားတာပါ။ ဓာတ်ပုံတွေထဲမှာတော့ ကောင်မလေးဟာ တဖြည်းဖြည်းအရပ်ရှည်ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ကောင်မလေးဟာ ဘုရားကျောင်းရဲ့ နေရာတစ်ခုတည်းမှာ ပို့စ်တစ်မျိုးတည်းနဲ့ပဲ ရပ်နေတာဖြစ်ပါတယ်။

ပထမဆုံးဓာတ်ပုံမှာတော့ ကောင်မလေးဟာ ၆နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံး ဆောင်းဓာတ်ပုံကိုရောက်လာတဲ့အခါမှာတော့ သူမဟာ အသက်၁၀နှစ်ပြည့်ပြီဖြစ်ပါတယ်။ “သမီးရဲ့အရိပ်က အရပ်ရှည်လာတာမြင်တော့ သူတဖြည်းဖြည်းချင်း အရွယ်ရောက်လာတာကို တွေ့ရတယ်။ ပုံတွေအားလုံးကို စုကြည့်လိုက်ရင် အမှတ်တရတွေအများကြီးကိုဖြစ်စေပါတယ်။” လို့လည်း @shingo_camera က ပြောပြခဲ့ပါတယ်။

READ
သမီးဖြစ်သူ အားတက်အောင်လို့ ပရိသတ်ထဲကနေ ပန်းပွားအက လိုက်ကခဲ့တဲ့ ဖေဖေ

ShweMom

SHARE