အိမ်မွေးတိရစ္ဆာန်တွေနဲ့ တစ်ပုံစံတည်း အကောင်သေးလေးတွေ ဖန်တီးနိုင်တဲ့အနုပညာရှင်

[email protected]

အိမ်မွေးတိရစ္ဆာန်မွေးထားလူတွေဟာ ဘယ်သူမဆို သူတို့ရဲ့ အိမ်မွေးတိရစ္ဆန်လေးတွေကို အရမ်းချစ်တတ်ကြပါတယ်။ တိရစ္ဆာန်လေးတွေ ကစားနေတာပဲဖြစ်ဖြစ၊် အိပ်နေတာပဲဖြစ်ဖြစ်၊ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ လုပ်နေရင်ပဲဖြစ်ဖြစ် ဓာတ်ပုံလေးတွေ ရိုက်ထားပြီး မှတ်တမ်းတင်ထားတတ်ကြပါတယ်။ အခုလို ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အမျိုးသမီးတစ်ယောက်က ပုံစံတူအရုပ်လေးတွေ လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

littlefeltedfriends

အဆိုပါ အမျိုးသမီးကတော့ အသက် ၂၃ နှစ်အရွယ် Alyson Gurney ဖြစ်ပြီး လက်မှုအနုပညာရှင်တစ်ယောက်ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Gurney ဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ နေထိုင်နေပြီး သမရဲ့အားလပ်ချိန်တွေမှာ ခွေးကလေးတွေ၊ ကြောင်ကလေးတွေ၊ ကြက်တူရွေးလေးတွေရဲ့ ပုံတူအရုပ်လေးတွေကို ပြုလုပ်ကြောင်း သိရှိရပါတယ်။ အရုပ်အသေးလေးတွေရဲ့ ကိုယ်ထည်ကိုတော့ သိုးမွေးနဲ့ပြုလုပ်ပြီး မျက်လုံးကိုတော့ သူကိုယ်တိုင်ပြုလုပ်ထားတဲ့ ဖန်သားနဲ့ အလှဆင်ကြောင်း သိရပါတယ်။

READ
အရသာရှိတဲ့ဟင်းပွဲတွေကို စုတ်ချက်တွေနဲ့ဖန်တီးခဲ့တဲ့ ဂျပန်နိုင်ငံကအနုပညာရှင်
littlefeltedfriends
littlefeltedfriends

“ ဒီလိုလေးတွေလုပ်ရတာ တော်တော်ဝါသနာပါပါတယ်။ ကျွန်မအားတဲ့အချိန်မှာ ဒါလေးတွေလုပ်ပြီး အချိန်ကုန်သလို တစ်ဖက်မှာလည်း ဒီအလုပ်လေးနဲ့ ပတ်သတ်ပြီး ဝင်ငွေရတယ်လေ။ အရုပ်မှာချင်တယ်ဆိုရင်တော့ မှာပြီး ၃ လအတွင်း လုပ်ပေးပါတယ်ရှင့်” လို့ Gurney က ပြောကြားခဲ့ပါတယ်။

littlefeltedfriends

 

 

View this post on Instagram

 

Double tap to give Einstein a haircut ♡

A post shared by Little Felted Friends (@littlefeltedfriends) on

littlefeltedfriends
littlefeltedfriends

Pyi Hein Kyaw

SHARE