တာဝန်ထမ်းဆောင်နေတုန်း သူ့အိမ်မီးထဲ ပါသွားလို့ ၀န်ကြီးချုပ်ကို ပေါက်ကွဲခဲ့တဲ့ မီးသတ်သမား

Twitter/Seven

မီးသတ်ဝန်ထမ်းတစ်ဦးဟာ ဩစတြေးလျဝန်ကြီးချုပ် Scott Morrisonကို “သွားသေလိုက်တော့ Morrison”ဆိုပြီး ဒေါသတကြီး ပြောနေတဲ့ ဗီဒီယိုဖိုင်တစ်ခုတက်လာပါတယ်။အကြောင်းအရင်းကတော့ အထက်ရဲ့ ညွှန်ကြားချက်အရတောမီးကို သွားရောက်ငြိမ်းသတ်နေတဲ့အချိန် အဲဒီမီးသတ်ဝန်ထမ်းရဲ့အိမ်ဟာ မီးကူးစက်ပြီး လောင်ကျွမ်းပြာကျခဲ့လို့ပါပဲ။

New South Walesပြည်နယ် တောင်ဘက်အခြမ်း၊Nelligenမြို့မှာ နေထိုင်တဲ့ Paul Walkerလို့ အမည်ရတဲ့ မီးသတ်ဝန်ထမ်းဟာ ဒီအပတ်သတင်းတော်တ်ေများများရဲ့ ခေါင်းစီးပိုင်းတွေမှာ နေရာယူထားပါတယ်။အဓိကကတော့ မီးသတ်ကားပေါ်ကနေ “Scott Morrisonကို သွားပြောလိုက်၊Morrison…မင်းသွားသေလိုက်တော့ကွာ”လို့ လှမ်းအော်တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ တော်တော်ပျံ့နှံ့နေလို့ပဲ ဖြစ်ပါတယ်။

“ကျွန်တော်ဒီလို မီးသွားသတ်နေတဲ့အချိန်မှာ တောမီးက ကျွန်တော့်အိမ်ကို ကောင်းကောင်းလောင်မြိုက်နေပြီ။ကျွန်တော်သာရှိရင် ဒီလောင်အထိအခြေအနေဆိုးသွားမှာ မဟုတ်ဘူး။အခုက ကျွန်တော့်အိမ်အပြင် နောက်ထပ်အိမိခုနှစ်လုံးပါ လောင်သွားတာဗျာ”လို့ ပြောပြခဲ့ပါတယ်။”Nelligenမှာ အခုအိမ်ခုနှစ်လုံး ဆုံးရှုံးသွားရပြီ။နောက်ထပ်ဘာကိုမှ ထပ်မဆုံးရှုံးစေချင်တော့ဘူးဗျာ”လို့ ထပ်မံပြောကြားခဲ့ပါတယ်။

READ
သက်ရှိအမျိုးသမီးနဲ့တူတဲ့အရုပ်မတွေ ဝယ်ယူပြီးနောက် ဝင်ငွေတိုးလာတယ်ဆိုတဲ့ဇိမ်ခန်း
Twitter/seven

ဝန်ကြီးချုပ်တစ်ယောက်ကို ဒီလိုမျိုးကြီးပြောသွားတဲ့ Paulတစ်ယောက်ကိုတော့ လက်ရှိမှာအာဏာပိုင်အဖွဲ့အစာ်းက ဘာမှ အရေးယူခြင်းမရှိသေးဘူးလို့ သိရပါတယ်။”ဒီလိုမျိုးပြောတဲ့အတွက် ဝန်ကြီးချုပ်ရဲ့ပုံရိပ်တော့ ထိခိုက်တာပေါ့။ဒါပေမယ့်Paulလဲ သူ့အိမ်ကို ဆုံးရှုံးသွားလို့ ရုတ်တရက်ဒေါသထွက်သွားတာပဲလေ။ဒါကို အပြစ်လို့မမြင်သလို ဘာမှလဲ အရေးယးဆောင်ရွက်မှာ မဟုတ်ပါဘူး”လို့ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE