လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီးကြောင့် လူတော်တော်မျာများ ဒုက္ခရောက်နေကြတဲ့ အနေအထားပါ။ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူတော်တော်များများနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝန်ထမ်းတွေပါ ဒီ ၂၀၂၀ ခုနှစ်ကြီးထဲမှာ တော်တော်လေး ဒုက္ခရောက်နေတာကိုတော့ လူတိုင်း သိကြမှာပါ။ အခုလည်း ဒီလိုမျိုး ဒုက္ခတွေ ဝေနေတဲ့ကြားထဲက ပန်းဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်တစ်ခုကြောင့် လူတော်တော်များများ heartwarming ဖြစ်ခဲ့ရကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


အဆိုပါ အမျိုးသမီးကြီးကတော့ ပြင်သစ်နိုင်ငံရှိ Murielle Mar အမည်ရ ပန်းဆိုင်ပိုင်ရှင် အမျိုးသမီးကြီးပဲ ဖြစ်ပါတယ်။ လက်ရှိ COVID 19 အခြေအနေအနေကြောင့် Murielle ရဲ့ ဆိုင်မှာရှိတဲ့ ပန်းတွေဟာ ဝယ်မယ့်လူ တစ်ယောက်မှ မရှိတော့သလောက်နီးပါး ဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ပန်းဆိုင်ပါ ပိတ်လိုက်ရတော့မယ့် အနေအထားအထိပါ ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် Murielle ဟာ သူမဆိုင်မှာရှိတဲ့ ပန်းတွေကို အကုန်လွှင့်ပစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမယ့် Murielle ဟာ သေသေချာချာ စဉ်းစားခဲ့ပြီး သူမရဲ့ ပန်းတွေကို ဆိုင်နားမှာ ရှိတဲ့ Perpignan ဆေးရုံမှာ လှူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


ဒါပေမယ့်လည်း COVID 19 ကပ်ရောဂါကြီးကြောင့် ဆေးရုံကြီးထဲကို Murielle တစ်ယောက် မဝင်နိုင်ခဲ့ပါဘူး။ ဒ့ါကြောင့် နောက်ဆုံးမှာတော့ Murielle တစ်ယောက် ဆေးရုံကားပါကင်ဝန်းထဲမှာ ရပ်ထားတဲ့ ကားတိုင်းရဲ့ အပေါ်မှာ ပန်းစည်းတွေကို ခြင်းလိုက်တင်ပေးခဲ့ပါတယ်။ “အဓိကကတော့ လူတွေ ဆေးရုံထဲမှာရှိတဲ့ လူနာရှင်တွေရဲ့ မိသားစုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ကို ပျော်အောင် လုပ်ပေးချင်လို့ပါ။ ကျွန်မရဲ့ ပန်းစည်းကို သူတို့မြင်လိုက်တဲ့ အခိုက်အတန့်မှာ သူတို့ရဲ့ စိတ်ထဲ ခဏတာ အမောလေးတွေပြေအောင် လုပ်ပေးချင်တဲ့ ကျွန်မရဲ့ စိတ်ရင်းအမှန်ပါ။ ကားပေါ်မှာ ပန်းစည်းတွေကို ကားပိုင်ရှင်တွေ မြင်လိုက်ရတဲ့အချိန် ပြုံးပျော်သွားတာလေးကို ကျွန်မမြင်လိုက်ရတဲ့အချိန် ပျော်သွားတဲ့ စိတ်ခံစားချက်က ဘာနဲ့မှ မလဲနိုင်ပါဘူး”လို့ Murielle က ပြောကြားခဲ့ပါတယ်။
Posted by Murielle Mar on Friday, November 6, 2020
Pyi Hein Kyaw