ခရမ်းချဉ်သီးတစ်ပွဲရဲ့ ဈေးနှုန်းကြောင့် အကြီးအကျယ် ပေါက်ကွဲနေတဲ့ ခရီးသည်တစ်ဦး

Reddit

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခရမ်းချဉ်သီးတစ်ပွဲဆို ဘယ်လောက်ရှိလိမ့်မယ်လို့ ထင်ကြလဲဗျ။ ကျွန်တော်အထင်ကတော့ အလွန်ဆုံး တစ်ထောင်တောင် မကျော်ပါဘူး။ တစ်ပွဲတစ်ထောင်ပေးစားတဲ့ ခရမ်းချဉ်သီးသုပ်တစ်ပွဲဟာ နှမ်းတွေ၊ ကြက်သွန်အကွင်းလေးတွေ၊ မြေပဲတွေနဲ့ အခြားတန်ဆာပလာတွေ အစုံနဲ့ တစ်ကယ်ကို တန်ပါတယ်။ ခရမ်းချဉ်သီးသုပ် တစ်ပွဲကို တစ်သောင်းပေးပြီး ဝယ်စားရမယ်ဆိုရင်တော့ ကျိန်းသေတာ ဘယ်သူမှစားမှာ မဟုတ်ပါဘူး။

အခုတော့ နိုင်ငံခြားသားတစ်ဦးဟာ ဂျာမနီနိုင်ငံရှိ Amrum ကျွန်းကို သွားလည်တုန်း တောင်တက်ခရီးစဉ်တစ်ခုမှာ ဆိုင်တစ်ဆိုင်ကနေ ခရမ်းချဉ်သီးသုပ်တစ်ပွဲကို ၆ ပေါင်ပေးပြီး စားခဲ့ရတာကြောင့် ဒေါသထွက်နေကြောင်း The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Reddit

အပေါ်ကပုံကတော့ Reddit မှာ Grandi14 လို့ အမည်ရတဲ့ အကောင့်ပိုင်ရှင်က တင်ထားတာဖြစ်ပါတယ်။ ၆ ပေါင် (မြန်မာငွေ ၁၀,၀၀၀ ကျော်) ပေးပြီး စားခဲ့ရတဲ့ ခရမ်းချဉ်သီးသုပ်ကတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း ဖြစ်ပါတယ်။ ခရမ်းချဉ်သီး နှစ်လုံးကို ဓားလေးနဲ့ စိတ်ထားပြီး ပန်းကန်ပေါ်မှာတင်ထားကာ အပေါ်မှာ ကြက်သွန်နီလေးကို အကွင်းလိုက်လေးလှီးပြီး ပုံထားတာ ဖြစ်ပါတယ်။ တော်တော်ကို ဒေါသထွက်ဖို့ကောင်းတဲ့ ခရမ်းချဉ်သီး သုပ်ပါပဲ။

READ
တောမီးလောင်စေခဲ့တဲ့ ဆယ်ကျော်သက်လေး ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခံလိုက်ရ
Pixabay-LoggaWiggler

“လာချတော့ စားချင်စရာတစ်စက်မှကို မကောင်းဘူး။ အရသာဘာမှမရှိတဲ့အပြင် တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ပြီးတော့ ဈေးက ၆ ပေါင်တဲ့။ တော်တော်ကို ရိုက်စားလုပ်တဲ့ဆိုင်ပါပဲ အသားတွေတောင် တဆတ်ဆတ်တုန်ပါတယ်။ ဆက်ပြောနေရင် ပြသနာတက်တော့မှာသိလို့ ပိုက်ဆံကို ဒီအတိုင်းချပေးပြီး ထွက်လာခဲ့ပါတယ်”လို့ အဆိုပါ နိုင်ငံခြားသားခရီးသည်မှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE