မူးပြီးအိပ်ပျော်နေတဲ့နိုင်ငံခြားသားကို ဝူဟန်ဖြစ်နေတယ်ဆိုပြီး လန့်ဖြန့်ခဲ့ကြတဲ့မနီလာမြို့

[email protected] Public Information Office

လက်ရှိအချိန်မှာတော့ Corona Virus (Wuhan ဗိုင်းရပ်စ်) ဟာ လူတော်တော်များများကို စိတ်ဒုက္ခအပေးနိုင်ဆုံး ဗိုင်းရပ်စ်ဆိုလည်းမမှားပါဘူး။ အဲဒီဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသူ အယောက်၁၇၀ ရှိနေပြီး ကူးစက်ခံသူ ၇,၈၈၈ ယောက်ရှိနေပြီဖြစ်ပါတယ်။ ပျောက်ကင်းကုသနိုင်တဲ့ဆေးဆိုတာလည်း အခုအချိန်ထိမယ်မယ်ရရ မထွက်လာသေးပါဘူး။ ရိုးရိုးသာမန်ချောင်းဆိုးရင်တောင် Wuhan ဗိုင်းရပ်စ်ကူးနေတာလားဆိုပြီး မျက်လုံးနဲ့ အကြည့်ခံနေရတဲ့ ဒီခေတ်ကြီးထဲမှာ လူတစ်ယောက်လမ်းဘေးမှာ လဲကျနေတယ်ဆိုရင်တော့ အဲဒီမြင်ကွင်းကို တွေ့တဲ့သူ တော်တော်များအများရဲ့ စိုးရိမ်ခြေအမှတ်ဟာ အမြင့်ဆုံးကို ရောက်ရှိသွားမှာ ဧကန်မုချမလွဲပါပဲ။

[email protected] Public Information Office

အခုလဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ နိုင်ငံခြားသားတစ်ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ လမ်းမတစ်ခုပေါ်မှာ လဲကျနေကြောင်း သတင်းတွေတက်လာကာ ဖိလစ်ပိုင်နိုင်ငံရှိ လူမှုကွန်ယက်တွေပေါ်မှာ အုတ်အောသောင်းနင်းဖြစ်ခဲ့ကြောင်း Coconuts သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါ့အပြင်အဆိုပါ နိုင်ငံခြားသားဟာ Wuhan ဗိုင်းရပ်ကူစက်ထားလို့ အခုလို လဲကျနောတဖြစ်ကြောင်း သတင်းဖြန့်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ အဲဒီလို သတင်းဖြန့်ခဲ့တဲ့သူတွေထဲမှာ Zaldy Maguigad ဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်လဲ အပါအဝင်ပါပဲ။

FAKE NEWS ALERT: There is no truth to the rumor that a Chinese national fell along Remedios Street due to suspicions…

Posted by Manila Public Information Office on Sunday, February 2, 2020

Zalday ဟာ အဆိုပါနိုင်ငံသားလမ်းမပေါ်မှာ လဲကျနေတဲ့ ဗီဒီယိုကို Facebook ပေါ်တင်ခဲ့ပြီး အဲဒီနိုင်ငံခြားသားဟာ တရုတ်နိုင်ငံသားဖြစ်နိုင်ကြောင်း၊ Wuhan ဗိုင်းရပ်စ်ကူးစက်ခံရလို့ အခုလို လဲကျနေတာဖြစ်ကြောင်း အစရှိသဖြင့် Facebook မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီမှာ ပြဿနာကစတာပဲ။

READ
တောရိုင်းယုန်သဖွယ်သာ ပြုမူတတ်ခဲ့တဲ့ ၁၃ နှစ်သမီးလေးရဲ့ ကျောချမ်းဖွယ်ဘဝ

ခဏလေးအတွင်းမှာတင် ရဲတွရောက်လာပြီး ထိုနေရာပတ်ပတ်လည်ကို ဘယ်သူမှဝင်လို့မရအောင် ကြိုးအဝါတွေနဲ့ တားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အဆိုပါနိုင်ငံခြားသားဟာ မူးပြီး အိပ်ပျော်နေရာမှ နိုးလာပြီး လမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ အဆိုပါရက်ပြီးနောက်တစ်ရက်မှာတော့ မနီလာရဲစခန်းကနေ အဆိုပါနိုင်ငံခြားသားဟာ ဘာရောဂါမှ ကူးစက်ခံထားရခြင်းမရှိပဲ မူးပြီးအိပ်ပျော်နေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Facebook မှာ သတင်းအမှားလွှင်ခဲ့တဲ့ Zalday ဟာလဲ သူဟာ အစိုးရိမ်လွန်ပြီး ဒီလိုပို့စ်မျိုးတင်ခဲ့မိတဲ့အတွက်တောင်းပန်ကြောင်း သူရဲ့ Facebook မှာ တင်ခဲ့ပါတယ်။ သတင်းမှားဖြန့်မိတဲ့ကိစ္စကြောင့်တော့ အရေးယူခံ၊ မခံရကိုတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူကြောင့် မနီလာမြိဲ့ကြီးကတော့ တော်တော်လေးကို သွေးပျက်သွားမှာပဲ။

အကယ်လို့ ဒီလူဟာ နှလုံးရောဂါကြောင့်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းမူးမေ့လဲနေတာပဲဖြစ်ဖြစ်၊ အဲဒီလိုဆိုရင်ကော  Wuhan ဗိုင်းရပ်စ်ကူးလို့ မူးလဲသွားတယ်ဆိုတဲ့ မရေရာမသေချာတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ဒီအတိုင်းကြီး ရပ်ကြည့်နေကြမလားတောင် မသိတော့ပါဘူး..

READ
ထူးဆန်းတဲ့အရာကိုချဉ်ချင်းတက်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

Pyi Hein Kyaw

SHARE