အလစ်လာချောင်းတဲ့ မြေခွေးသူခိုးကို အုပ်စုလိုက်ဝိုင်းဖဲ့ခဲ့ကြတဲ့ ရဲရဲတောက်ကြက်များ

ကြက်သားစားရလို စားရငြား ကြက်ခြံထဲခိုးဝင်လာတဲ့ မြေခွေးတစ်ကောင်ဟာ သတ္တိကောင်းပြီး ရန်စွာလှတဲ့ ကြက်အုပ်စုနဲ့ တွေ့ပြီး မရှုမလှဖြစ်ခဲ့ရပါတယ်။ ကြက်ခြံဟာ ပြင်သစ်က မွေးမြူရေးကျောင်းတစ်ကျောင်းထဲမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတော့ မြေခွေးတစ်ကောင်ဟာ နေ၀င်ရီတရောအချိန်မှာ ကြက်ခြံထဲ ခိုးဝင်ခဲ့ပုံ ရပါတယ်။

အိမ်ထဲကို မဖိတ်ခေါ်ပဲ ၀င်လာတဲ့ ဧည့်သည်မြေခွေးကို ကြက်တွေက မနှစ်သက်ပါဘူး။ ချက်ခြင်းပဲ ၀ိုင်းပေါက်ကြ ဆိတ်ကြရင်း မြေခွေးဟာ အပြင်လည်း ပြန်မထွက်နိုင်ပဲ အထဲမှာ ပိတ်မိကာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မြေခွေးသေကိုတော့ နောက်တစ်နေ့မနက်မှာပဲ မွေးမြူခြံက ကျောင်းသားတစ်ဦးက ကြက်တွေကို လာစစ်ရင်း တွေ့ရှိခဲ့တာပါ။

Freestockphotos.biz

တွေ့ရှိသူ ကျောင်းသား ပါစကယ်ဒယ်နီရယ်ကတော့ “ကျွန်တော် မြေခွေးကို တွေ့တာ ထောင့်လေးနားမှာပါ။ ရန်သူလာတာကို ကြက်တွေက သိပုံရပါတယ်။ နှုတ်သီးတွေနဲ့ အုပ်စုလိုက် ၀ိုင်းဆိတ်ခဲ့ပုံရပါတယ်…” လို့ ပြောပြပါတယ်။ ကြက်ခြံက ပြောပြချက်အရတော့ ကြက်အိမ်လေးကို တစ်နေ့လုံး ဒီအတိုင်း ဖွင့်ထားပြီး ကြက်တွေဟာ အပြင်မှာပဲ နေလေ့ရှိကြောင်းနဲ့ ဥဥတဲ့အချိန်မှသာ ၄င်းအိမ်လေးထဲ ပြန်ဝင်ဥကြတယ်လို့လည်း သိရပါတယ်။

READ
တိုက်ရိုက်သတင်းလွှင့်နေတုန်း တီဗီထဲပါလာတဲ့ ဆယ်ကျော်သက်လေးရဲ့ ဟာသဖြစ်ရပ်

လင်းလင်း (ShweMom)

Ref: foxnews, bbc, thelocal

SHARE