မွေးချင်းအစ်မကိုယ်ပေါ်မှာ အမြဲလိုက်ထိုင်ပြီး ကပ်ချွဲတတ်တဲ့ ချစ်စရာခွေးလေး အာချီ

instagram/daysofmypupperslives

ခွေးတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ အချစ်ကို ပြသလေ့ရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ခွေးလေးအာချီကတော့ မွေးချင်းအစ်မပေါ်မှာထားတဲ့ သူ့အချစ်ကို ထူးထူးခြားခြား ပြသခဲ့တဲ့အကြောင်း Boredpanda ကနေတဆင့် သိရပါတယ်။ မကြာသေးခင်က အာချီရဲ့ ပိုင်ရှင်အမျိုးသမီးဖြစ်တဲ့ ဂျနီဖာတိုင်လာဟာ ဖေ့စ်ဘုတ်ပေါ် ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

instagram/daysofmypupperslives

ဂျနီဖာက “ဒါက တာလူလာပါ။ ကျွန်မတို့ ကယ်လာတဲ့ ခွေးမလေး။ ပြီးတော့ တာလူလာရဲ့ မောင် အာချီ။ အာချီက သူ့အစ်မကို သူတော်တော်ချစ်တာ။ အမြဲတမ်း တာလူလာကိုယ်ပေါ်မှာ လိုက်လိုက်ထိုင်နေတာ…” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

instagram/daysofmypupperslives
instagram/daysofmypupperslives
instagram/daysofmypupperslives

ဂျနီဖာဟာ အမျိုးသားဖြစ်သူနဲ့အတူ နယူးယောက်မြို့မှာ နေထိုင်ပါတယ်။ အိမ်မှာတော့ တာလူလာနဲ့ အာချီအပြင် ဘရုစ်နဲ့ အန်နီအမည်ရတဲ့ ခွေးတွေလည်း ရှိပါတယ်။ ဂျနီဖာကတော့ ခွေးတွေဟာ သူမရဲ့ ကလေးတွေပါလို့ ဆိုပါတယ်။ တာလူလာက အခုဆို အသက် (၄) နှစ်ရှိပါပြီ။ အာချီကတော့ အသက် (၂) နှစ် ရှိပါပြီ။

READ
အွန်လိုင်းပေါ်မှာ လှတယ်ထင်ရပေမယ့် အပြင်နဲ့မတူညီကြောင်း မြင်သာစေမယ့်ဓာတ်ပုံများ
instagram/daysofmypupperslives
instagram/daysofmypupperslives

ဂျနီဖာကတော့ “အာချီနဲ့ တာလူလာတို့ မောင်နှမနှစ်ကောင်က အရမ်းတည့်ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေလို့လည်း ပြောလို့ရတယ်။ အာချီက သူ့အစ်မပေါ်မှာ လိုက်ထိုင်တတ်တယ်။ ပြီးတော့ လိုက်တမ်းပြေးတမ်းလည်း တော်တော်ဆော့တတ်တယ်…” လို့ ပြောပြခဲ့ပါတယ်။

ပုံတွေမှာတော့ အာချီနဲ့တာလူလာတို့ မောင်နှမရဲ့ ရင်းနှီးချစ်ခင်ကြပုံတွေကို တွေ့ရမှာပါ။ ဂျနီဖာကတော့ သူမရဲ့ဖေ့စ်ဘုတ်ပို့စ်နဲ့ ပတ်သက်ပြီး “ကျွန်မရဲ့ ခွေးလေးတွေကို အကုန်လုံးက ချစ်ကြပါတယ်။ အထူးသဖြင့် အာချီနဲ့ တာလူလာတို့ပေါ့။ အာချီက သူ့အစ်မရဲ့ ကိုယ်ပေါ်၊ တစ်ခါတစ်လေ ခေါင်းပေါ်တောင် တက်ထိုင်နေတာကိုက ရယ်နေရတာ…” လို့ ပြောပြပါသေးတယ်။

instagram/daysofmypupperslives
instagram/daysofmypupperslives

လင်းလင်း (ShweMom)

SHARE