အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အိပ်စရာကုတင်လေးတွေ ဖန်တီးပေးခဲ့တဲ့ ကုမ္ပဏီ

[email protected] Creations Pine Furniture

ခွေးကလေးတွေ၊ ကြောင်ကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ ခွေးကလေးတွေဆိုတာ လူတွေအပေါ်မှာ သစ္စာအရှိဆုံး သတ္တဝါလေးတွေဖြစ်ကြသလို ကြောင်ကလေးတွေဆိုတာလဲ လူတွေအပေါ်မှာ ပွတ်သီးပွတ်သပ် အနေတတ်ဆုံး သတ္တဝါလေးတွေပါပဲ။ သူတို့လေးတွေကို ခြံနဲ့ဝန်းနဲ့ မွေးထားရင် ခြံထဲမှာ သူတို့လေးတွေအတွက် အိမ်သေးသေးလေးတစ်လုံးဆောက်ပေးလို့ရပေမယ့် တိုက်ခန်းမှာမွေးထားရင်တော့ သူတို့အိပ်ဖို့နေရာအတွက် အခက်အခဲရှိပါတယ်။

Country Creations Pine Furniture

ဒါ့ကြောင့် Pennsylvania နိုင်ငံ၊ Clintonville မြို့ရဲ့ ပရိဘောဂအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Country Creations Pine Furniture ကုမ္ပဏီကတော့ ခွေးကလေးတွေ ကြောင်ကလေးတွေအတွက် သီးသန့်အိပ်နိုင်မယ့် ခုတင်ပုံစံမျိုးလေးဖန်တီးထုတ်လုပ်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Country Creations Pine Furniture

ဒီခုတင်ကတော့ ရုတ်တရက်ကြည့်လိုက်ရင် အံဆွဲဗီရိုပုံစံ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေအိပ်တဲ့ ခုတင်နဲ့တန်းတူ ခုတင်ခြေရင်းမှာ ထားရှိနိုင်တာကြောင့် တစ်ရေးနိုးကြရင်လည်း ကိုယ့် ခွေးကလေးတွေ၊ ကြောင်ကလေးတွေကို ထကြည့်နိုင်ပါတယ်။ ဒီကုတင်ကို ထုတ်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ကိုယ်အိပ်တဲ့အချိန် ကိုယ့်အနားမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။

READ
လူတိုင်းဘဝမှာကြုံတွေ့ရလေ့ရှိတဲ့ အထီးကျန်ခြင်း(၅)မျိုး
Country Creations Pine Furniture

လူတစ်ချို့က ခွေးကလေးတွေ၊ကြောင်ကလေးတွေကို ခုတင်ပေါ်ခေါ်အိပ်ချင်ပေမယ့် ရေရှည်တော့ အဲဒီလိုမအိပ်နိုင်ပါဘူး။ ဒါ့ကြောင့် လူတွေအိပ်တဲ့ အနီးဆုံးနေရာမှာ ရှိနေနိုင်အောင်အတွက် အခုလို ထုတ်လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင့် ခုတင်ပေါ်တက်ဖို့အတွက် ကိုယ်ပိုင်လှေကားထစ်လေးတွေပါ ပါဝင်တာကြောင့် သူတို့လေးတွေအတွက်တော့ အဆင်ပြေမှာ အမှန်ပါပဲ။ ဒီလို ခုတင်တစ်ခုလုံးဆိုရင်တော့ ဒေါ်လာ ၁၂၀၀ သာကျသင့်မှာ ဖြစ်ပါတယ်။

King bed package with dog bed, steps,nightstands, and dressers in golden oak stain. 2050$

Posted by Country Creations Pine Furniture on Friday, May 1, 2020

Pyi Hein Kyaw

SHARE