လိပ်သားပေါက်(၈၀၀)ကျော်ကို မွေးပေးပြီး ရှားပါးလိပ်မျိုးစိတ်ကို ထိန်းသိမ်းပေးခဲ့တဲ့ လိပ်ကြီး

Facebook/Parque Nacional Galápagos

လိပ်အကြီးစားမျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ Diego လို့ အမည်ရှိတဲ့ လိပ်ကြီးဟာ အခုဆိုရင် သားသမီးပေါင်း (၈၀၀) ရှိနေပြီဖြစ်ပြီး သူ့ရဲ့မျိုးစိတ်ဟာ ရှားပါးမျိုးနွယ်ဝင်ဖြစ်တာကြောင့် သေချာထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း LAD BIBLE သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Facebook/Parque Nacional Galápagos

Diego ဆိုတဲ့ လိပ်ကြီးဟာ ၁၉၆၀ခုနှစ်ကတည်းက California အနောက်တောင်ဘက်ရှိ Santa Cruz ကျွန်းစုမှာ သားဖောက်မွေးမြူရေးလုပ်ဖို့ ခေါ်လာတဲ့ လိပ်တွေထဲက တစ်ကောင်အပါအ၀င်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အဆိုပါလိပ်တွေထဲမှာ Diegoe နဲ့ မျိုးစိတ်တူတာ အထီးနှစ်ကောင်နဲ့ အမ (၁၂)ကောင်ပဲ ရှိခဲ့တာပါ။

Facebook/Parque Nacional Galápagos

အခုနှစ်ပေါင်း (၅၀၀)ကျော်လာပြီးနောက်ပိုင်းမှာ လိပ်ကြီးမျိုးနွယ်စုဝင် လိပ်သားပေါက်ပေါင်း (၂,၀၀၀)ကျော် မွေးမြူနိုင်ခဲ့ပြီး Diego ကတော့ အဆိုပါလိပ်သားပေါက် (၂,၀၀၀)ကျော်ထဲကမှ လိပ်သားပေါက် (၈၀၀)ကျော်ရဲ့ ဖခင်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ လိပ်ကြီးမျိုးနွယ်စုဝင် လိပ်သားပေါက်တွေကိုတော့ အခုလက်ရှိမှာ Ecuador ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ယူပြီး ဆက်လက်စောင့်ရှောက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

READ
အသက်(၃၅)ကျော်လို့မထင်ရတဲ့ အရွယ်တင်နုပျိုတုန်းရှိသေးတဲ့ ကိုရီးယားမင်းသမီးချောများ
Facebook/Parque Nacional Galápagos

“ အခုအခြေအနေက လိပ်တွေရဲ့ မွေးဖွားနှုန်းက အရမ်းမြင့်မားနေတာ အားရစရာပါ။ ဒါ့ကြောင့် အခုလက်ရှိ လိပ်သားပေါက်တွေ ပို့ပေးပြီးရင်တော့ သားဖွားနှုန်းကို လျှော့ချပြီး ပုံမှန်အနေအထားကို ပြန်သွားမှာပါ”လို့ လိပ်ကြီးမျိုးနွယ်ဝင်လိပ်များ စောင့်ရှောက်ရေးအဖွဲ့(GTRI) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Washington Tapia မှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE