ပါးစပ်ထဲ ဘာဂျာကြီးဝင်သွားတာ ဆေးရုံအရင်မသွားပဲ TikTok ရိုက်ခဲ့တဲ့ အမျိုးသမီး

TikTok/mollieobrien

လူတစ်ချို့ဟာ တစ်ခါတစ်လေကြရင် အရေးမပါတာကို အရေးပါအောင်လုပ်တတ်ကြပါတယ်။ တစ်ချို့ကြတော့လည်း လုပ်သင့်တာကို မစဉ်းစားပဲ မလုပ်သင့်တဲ့ဟာတွေကို လုပ်တတ်ကြပါတယ်။ ဥပမာ- သင့်ပါးစပ်ထဲ ဘာဂျာတစ်လက်ဝင်သွားတယ်ဆိုပါစို့၊ သင်အရင်ဆုံးလုပ်သင့်တာ သွားဆေးခန်း ဒါမှမဟုတ်ဆေးရုံကို တန်းသွားတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ သူမပါးစပ်ထဲ ဘာဂျာဝင်သွားတာတောင်မှ ဆေးရုံမသွားသေးဘဲ Tiktok တောင်ရိုက်နေသေးပါတယ်။

TikTok/mollieobrien
TikTok/mollieobrien

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ Mollie O’Brein ဆိုတဲ့ အထက်တန်းကျောင်းသူဟာ ပါးစပ်ထဲကို ဘာဂျာကြီးတစ်လက်လုံးဝင်သွားတာတောင်မှ ဆေးရုံကိုတန်းမသွားပဲ အိမ်မှာအေးဆေးနေကာ သူမပါးစပ်ထဲ ဘာဂျာဝင်သွားကြောင်း Tiktok ရိုက်ပြီး မှတ်တမ်းတင်နေပါသေးတယ်။

 

@mollieobriengoing to cheo to get my harmonica removed… #foryou #fyp #foryoupage #dissapointment #failure #mymomdoesntloveme #idiot♬ I just did a bad thing bill wurtz – cameron.tr

အဆိုပါ Tiktok ဗီဒီယိုရဲ့ အစမှာတော့ Mollie ဟာ သူမရဲ့ မျက်နှာ အထက်ပိုင်းကို ရိုက်ပြပြီး “ ငါဒီနေ့အဆိုးရွားဆုံးကိစ္စတစ်ခုကို လုပ်ခဲ့မိတယ်” လို့ စာတန်းလေးထိုးခဲ့ပါတယ်။ “ အဲဒီလိုလုပ်လိုက်မိလို့လဲ ငါတော်တော်နောင်တရပါတယ်” “အဲဒီကိစ္စက ဘာလဲဆိုတော့………….” လို့ စာတန်းလေးတွေထိုးပြီး သူပါးစပ်ထဲကို ဘာဂျာကြီးဝင်သွားတကို Tiktok ဗီဒီယိုထဲမှာ ပြသခဲ့ပါတယ်။ “ ငါခုနကလေးတင် ဘာဂျာမှုတ်နေတုန်း အဲဒီဘာဂျာကြီးက ငါ့ပါးစပ်ထဲ ဝင်သွားတာပဲ” လို့ ပြောခဲ့ပါတယ်။

READ
ဈေးကွက်ပေါ်မှာ ကုန်ပစ္စည်းများကို သမာအာဇီဝမကျတဲ့ နည်းများနဲ့ ပါကင်ထုပ်ပိုးပုံများ.....
TikTok/mollieobrien

အဆိုပါ Tiktok ဗီဒီယိုလေးကို လူပေါင်း 1.7 million လောက် like ပေးခဲ့ကြပါတယ်။ အဆိုပါ ဗီဒီယို ရိုက်ပြီးတဲ့အချိန်မှာတော့ Mollie ဟာ သူမအမေပြန်လာရင် သူ့ကို ဆူတော့မှာပဲလို့တောင်တွေးနေခဲ့ကြောင်း ပြောခဲ့ပါတယ်။ မကြာခင်မှာပဲ Mollie ရဲ့ အမေပြန်ရောက်လာပြီး Mollie ကို သွားဆေးခန်းခေါ်သွားခဲ့ပါတယ်။ သွားဆေးခန်းရောက်တော့ ဆရာဝန်က Mollie ပါးစပ်ထဲက ဘာဂျာကို ခက်ခက်ခဲခဲပြန်ထုတ်ပေးခဲ့ရပြီး Mollie ကို နောက်ထပ် ဒီလိုမကစားဖို့ ဆုံးမခဲ့သေးကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE