Quarantine ချထားတဲ့လူတွေကို အလွယ်သိနိုင်ဖို့ ဟောင်ကောင်မှာသုံးနေတဲ့နည်းလမ်း

Youtube-Video of a teenage girl in Hong Kong breaking coronavirus self-quarantine rules sparks online anger

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါဟာ တဖြည်းဖြည်းနဲ့ ကမ္ဘာ့နိုင်ငံတော်တော်များများဆီ ပျံ့နှံ့လာပြီပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါဟာ အခုအချိန်မှာတော့ တစ်ကမ္ဘာလုံး ကြောက်လန့်နေရတဲ့ ကူးစက်ကပ်ရောဂါကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကာကွယ်ဆေးကလည်း မထွက်ရှိသေးတာကြောင့် ရောဂါမဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတွေကသာ ဒီရောဂါကို ဆက်လက်ပြန့်မပွားအောင် ထိန်းထားနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီအတွက် quarantine ချတာမျိုးတွေ၊ self-isolating လုပ်တာမျိုး၊ social distancing လုပ်တာမျိုးတွေကို လက်ရှိအချိန် နိုင်ငံတိုင်းမှာ လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ အဓိက quarantine လုပ်သူတွေဟာ မိမိအသိစိတ်ဓာတ်နဲ့မဟုတ်ဘဲ နိုင်ငံကချမှတ်ထားတဲ့စည်းကမ်းကြောင့်သာ မနေချင်ဘဲနေနေရတယ် လစ်ရင်လစ်သလို သတ်မှတ်ထားတဲ့နေရာတွေမှာမနေဘဲ ခိုးထွက်တဲ့အမှုမျိုးတွေ အဆိုးဆုံးပါပဲ။ ဒီအတွက် ဟောင်ကောင်ကတော့ quarantine အချခံထားရတဲ့ သူတွေကို အလွယ်တကူ သိနိုင်စေမယ့်နည်းလမ်းတစ်ခုကို ကျင့်သုံးလျက်ရှိနေပါတယ်။ ဥပမာအနေနဲ့ ဒီသတင်းကိုကြည့်ပါ။

အသက် ၁၃ နှစ်အရွယ်သာရှိသေးတဲ့ ကောင်မလေးဟာ ပြည်ပက ပြန်လာလို့ Quarantine ၁၄ ရက်အချခံထားရတဲ့ အချိန် အိမ်မှာမနေပဲ ဟောင်ကောင်လမ်းမပေါ်မှာ လျှောက်သွားနေကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
မွေးရာပါ ရုပ်အဆင်းပျက်ယွင်းနေလို့ လူပုံအလယ်မှာ မျက်နှာငယ်နေရတဲ့ ကလေး
Youtube-Video of a teenage girl in Hong Kong breaking coronavirus self-quarantine rules sparks online anger

အဆိုပါ အသက် ၁၃ နှစ်အရွယ်ကောင်မလေး အိမ်အပြင်ရောက်နေတာကို ဂျပန်စားသောက်ဆိုင်မှ အမျိုးသားတစ်ယောက်က စတင်သတိထားမိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို သတိထားမိတာလည်း အကြောင်းရှိပါတယ်။ အဲဒီကောင်မလေးရဲ့ လက်က အဖြူရောင် လျှပ်စစ်လက်ပတ်ကြောင့်ပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီလို လျှပ်စစ်လက်ပတ်ဝတ်ထားတဲ့သူတွေဟာ ပြည်ပကပြန်ရောက်လာလို့ Quarantine အချခံထားရပြီး မိမိအိမ် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ နေရာမှာ ၁၄ ရက်တိတိနေရမှာပဲ ဖြစ်ပါတယ်။ ၁၄ ရက်ပြည့်လို့ ရောဂါစစ်ကြည့်ရင် COVID 19 မရှိဘူးဆိုမှ အဲဒီ လျှပ်စစ်လက်ပတ်လေးကို သက်ဆိုင်ရာတွေက ဖြုတ်ပေးပါတယ်။ အဲဒီ လက်ပတ်ကို ကိုယ့်ဟာကိုယ်လဲ ဖြုတ်ဖို့ မလွယ်ကူပါဘူး။

ဒါကို သတိထားမိခဲ့တဲ့ အမျိုးသားကတော့ ချက်ချင်းဆိုသလို ရဲကို ဖုန်းဆက်အကြောင်းကြားပြီး သတင်းပေးကာ အဲဒီကောင်မလေးကို ဗီဒီယိုရိုက်ခဲ့ပါတယ်။ ဒါကို ရိပ်မိသွားတဲ့ ကောင်မလေးနဲ့ သူ့ရဲ့ဦးလေးတို့ဟာ ဆိုင်ထဲက ချက်ချင်းထွက်သွားခဲ့ပြီး တက္ကစီငှားကာ ဟိုတယ်ကို ပြန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဗီဒီယိုရိုက်နေတဲ့ အမျိုးသားက သူတို့နောက်ကနေ တောက်လျှောက်လိုက်အော်နေခဲ့တာကြောင့် တက္ကစီတစ်စီးမှ ငှားလို့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကောင်မလေးနဲပ သူ့ဦးလေးဖြစ်သူဟာ ဟိုတယ်ကို ခြေကျင်လျှောက်ပြီး ပြန်သွားပါတယ်။ ဒါတောင် ဗီဒီယိုရိုက်နေဲ့အမျိုးသားက လုံးဝလက်မလျှော့ပဲ အနောက်ကနေ ဟိုတယ်ရောက်တဲ့အထိ တောက်လျှောက် ဗီဒီယို လိုက်ရိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီဟိုတယ်ကို ရဲတွေရောက်လာပြီး ကောင်မလေးကို ဖမ်းဆီးသွားကာ သတ်မှတ်ထားတဲ့ ဆေးရုံကို ပို့ခဲ့ကြပါတယ်တဲ့။

READ
လူအသွားအလာရှုပ်ထွေးတဲ့ ကားလမ်းမပေါ်မှာ ကဲနေတဲ့ ကုလားအုတ်စုံတွဲ

ဟောင်ကောင်ရဲ့သက်ဆိုင်ရာတွေရဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ပတ်ပေးခဲ့ကြတဲ့ လက်ပတ်ကြောင့်သာ အခုလိုမျိုး quarantine အချခံထားရသူတွေ အိမ်ပြင်ထွက်မထွက်ဆိုတာ ကွဲကွဲပြားပြား လျှငလျှင်မြန်မြန်သိနိုင်တာပါ။

Pyi Hein Kyaw

SHARE