mirror selfie ကြောင့် ချစ်သူကောင်လေးကို အရှက်ခွဲသလို ဖြစ်သွားခဲ့တဲ့ ကောင်မလေး

[email protected]_shanrose

ဒီဘက်ခေတ်မှာ mirror selfie ကတော့ လူတိုင်းနီးပါ ရိုက်တက်ကြပါတယ်။ ဘယ်နေရာရောက်ရောက် မှန်တွေ့ပြီဆိုတာနဲ့ mirror selfie လေးရိုက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတတ်ကြတာပါ။ ဒီလိုမှမရိုက်လိုက်ရရင် တစ်ခုခုပဲလိုနေသလိုလို၊ ဗိုက်ပဲနာနေသလိုလို ခံစားတတ်ကြပါတယ်။ ဒါပေမယ့် mirror selfie ရိုက်တိုင်းလည်း မကောင်းပါဘူး။ အထူးသဖြင့် ကိုယ့်နောက်ခံ back ground က ရှင်းလားမရှင်းလား၊ လူရှိလား၊ ဘာမှားနေသလဲ အစရှိသဖြင့် သေသေချာချာစစ်ဆေးပြီးမှ mirror selfie ရိုက်တာ အကောင်းဆုံးပါပဲ။

 

 

View this post on Instagram

 

At least it’s sunny ☀️

A post shared by (@_shanrose_) on

အခုလည်း ကောင်မလေးတစ်ယောက်ဟာ သူ့အိမ်က ရေချိုးခန်းထဲမှာ အပြင်မသွားခင် အလှတွေဘာတွေ ပြင်ဆင်ပြီး mirror selfie ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့နောက်က back groud မှာ သူ့ကောင်လေးဘာလုပ်နေလဲဆိုတာကို သူသတိမထားခဲ့မိပုံပါပဲ။ အဲဒီလို မထင်မှတ်ထားတဲ့ mirror selfie ကြောင့် ချစ်သူကောင်လေးခမျာမှာ အရှက်ကွဲခဲ့ရကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
အိမ်မွေးခွေးလေးကို တစ်ကိုယ်လုံးအစိမ်းရောင်ခြယ်ပေးလိုက်တဲ့ ဗီဒီယို လူကြိုက်များနေ
[email protected] Butt

Shannon Butt လို့ အမည်ရတဲ့ ကောင်မလေးဟာ အိမ်ကရေချိုးခန်းထဲမှာ အပြင်မသွားခင် mirror selfie ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် Shannon သတိမထားမိတာက သူ့အနောက်က မှန်ထဲမှာ သူ့ချစ်သူ Henery ပါနေတာကိပါပဲ။ အဲဒီအချိန်မှာတော့ Henery ဟာ အိမ်သာတက်ပြီးလို့ သန့်ရှင်းရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီပုံစံကြီးနဲ့ ဓာတ်ပုံထဲ ပါသွားတာကို Shannon တစ်ယောက် သတိမထားမိခဲ့ပါဘူး။ အိမ်ပြန်ရောက်တဲ့အချိန်မှာမှ သူ့သူငယ်ချင်းတွေနဲ့ဖွဲ့ထားတဲ့ ဆိုရှယ်မီဒီယာ အဖွဲ့ထဲမှာ အံဒီပုံကြီးပြပြီး အကုန်လုံး ဝိုင်းနောက်ပြောင်နေတာ တွေ့လိုက်ရမှ ပုံကို Shannon တစ်ယောက် ပြန်ဖျက်မိခဲ့ပါတယ်။

https://www.instagram.com/p/CAdVS–A17a/

“အဲဒီပုံတွေ့တွေ့လိုက်ရချင်း ငိုအားထက်သန် ရယ်အားထက်သန်ပါပဲ။ ကျွန်မတောင် သတိမထားခဲ့မိလိုက်ဘူး။ Henery ကတော့ မဖျက်ပဲ ဒီအတိုင်းပဲထားလိုက်ဖို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မပြန်ဖျက်ခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို အဲဒီပုံကို Photoshop လုပ်ပြီး ကျွန်မကို ပြန်လာပေးပါသေးတယ်။ အဲဒီပုံလေးကိုတော့ Instagram မှာ အမှတ်တရ ပြန်တင်ခဲ့ပါတယ်” လို့ Shannon က ပြောကြားခဲ့ပါတယ်။

READ
အပြင်ကို အလည်ထွက်ရာက အဖော်အဖြစ် နွားတစ်ကောင်ကို ကြိုးဆွဲခေါ်လာခဲ့တဲ့ ခွေးလေး

https://www.instagram.com/p/CArzupOgPO3/

Pyi Hein Kyaw

SHARE