ဘဝမှာ လုံးဝလက်မလွှတ်သင့်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံဟာ ဒီလိုမျိုးပါ ……

Pixabay-aliceabc0

တစ်ချို့မိန်းကလေးတွေရဲ့ ပုံစံဟာ သာမန်မိန်းမတစ်ယောက်အမူအကျင့်တွေ ရှိတတ်ပေမယ့် တစ်ချို့မိန်းကလေးတွေ ကျပြန်တော့လည်း မိန်းကလေးတော်တော်များများမှာ မတွေ့ရတဲ့ အမူအကျင့်မျိုးလေးတွေ ရှိတတ်ပါတယ်။ မိန်းကလေးတော်တော်များများဟာ စိတ်ဆိုးစိတ်ကောက်တတ်တာ သဘာဝပေမယ့် အမြဲတမ်း စိတ်ကောက်နေတတ်တဲ့ မိန်းကလေးမျိုးတွေကျပြန်တော့လည်း စိတ်မရှည်တဲ့ ယောက်ျားလေးမျိုးတွေနဲ့ဆို အဆင်မပြေပြန်ပါဘူး။ ဒါ့ကြောင့် ယောကျာ်းလေးတစ်ယောက်ရဲ့ဘဝမှာ ဘယ်လိုမိန်းကလေးပုံစံနဲ့တွေ့ရင် လုံးဝလက်မလွှတ်သင့်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။

Pixabay-pixel2013

ယောက်ျားလေးတော်တော်များများ လိုချင်ကြတဲ့ မိန်းကလေးပုံစံကတော့ နားလည်မှုအပြည့်အဝရှိတတ်တဲ့ မိန်းကလေးမျိုးပါပဲ။ တစ်ချို့မိန်းကလေးတွေဟာ ကိုယ့်ချစ်သူယောက်ျားလေးတစ်ယောက် ဘော်ဒါတွေနဲ့ အပြင်သွားတာ၊ အလုပ်ကိစ္စရှိလို့ အလုပ်များနေတဲ့အချိန်တွေမှာတောင် နားလည်မှု မပေးနိုင်ပဲနဲ့ သူတို့ကို ဂရုမစိုက်လို့ ပြသနာရှာတာတွေ၊ ဖုန်းတွေတောက်လျှောက် ဆက်နေတာမျိုးတွေ၊ ပြသနာတောက်လျှောက်ရှာပြီး ရစ်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲဒီလိုဖြစ်လာရင် ယောကျာ်းတစ်ယောက်အနေနဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကျော်သွားရင် နှစ်ဦးနှစ်ဖက်လုံး အဆင်မပြေတာမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။

READ
ချစ်သူရဲ့နှလုံးသားတစ်ခုလုံးကို အချိန်ပြည့် ဖမ်းစားထားနိုင်မယ့်နည်းလမ်းများ
Pixabay-pixel2013

ကြိုးတစ်ချာင်းမှာ တစ်ဖက်နဲ့တစ်ဖက် အရမ်းတင်းနေရင် အချိန်တန်ရင် ပြတ်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် ယောကျာ်းလေး အများစုရဲ့ အလိုချင်ဆုံး မိန်းကလေးပုံစံဟာ နားလည်မှု အပြည့်အဝရှိတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုးပါ။ မိန်းကလေးတစ်ယောက် စိတ်ဆိုးစိတ်ကောက်တာကိုတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ အချိန်မရွေး စိတ်ဆိုးပြေအောင် ချော့နိုင်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ မိန်းကလေးဆိုတာ စိတ်ဆိုးစိတ်ကောက်တတ်တဲ့ လူတန်းစားဖြစ်ပြီး ယောက်ျားဆိုတဲ့ လူတန်းစားကတော့ စိတ်ဆိုးနေတဲ့ မိန်းကလေးတွေကိုပဲ ချော့ဖို့ မွေးဖွားလာတဲ့ လူတန်းစားတစ်ရပ်လိုပါပဲ။ ဒါ့ကြောင့် မိန်းကလေးတွေအနေနဲ့ကလည်း ကိုယ့်ချစ်သူယောက်ျားလေးတစ်ယောက် ဘယ်အခြေအနေမှာမဆို ဖြည့်တွေးနိုင်အောင်၊ နားလည်မှုပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။

Pixabay-Takmeomeo

Pyi Hein Kyaw

SHARE