
တင်းနစ်ကစားတယ်ဆိုတာ တော်တော်လေးကို မောပန်းပြီး မလွယ်ကူလှတဲ့ အားကစားတစ်ခုပဲ ဖြစ်ပါတယ်။ သာမန်လူတစ်ယောက်အတွက် ဒီအတိုင်း တင်းနစ်ရိုက်ဖို့ဆိုတာ မလွယ်ကူမှန်းကိုတော့ တင်းနစ်ရိုက်ဖူးတဲ့ လူတော်တော်များများ သိရှိကြမှာပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ ကိုယ်လက်အင်္ဂါ မပြည့်စုံပေမယ့် သာမန်လူတစ်ယောက်ထက် ပိုပြီးတော့ကို တင်းနစ်ရိုက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အဆိုပါ အမျိုးသမီးဟာ Australian Open ပြိုင်ပွဲအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းမှီတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားခဲ့ပြီဖြစ်ကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဆိုပါ အမျိုးသမီးကတော့ အသက် ၂၀ အရွယ် Francesca Jones အမည်ရ အမျိုးသမီး တင်းနစ်သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Francesca ဟာ ငယ်ငယ်လေးကတည်းက တင်းနစ်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် သူမဟာ မွေးကတည်းက ကိုယ်လက်အင်္ဂါ မပြည့်စုံခဲ့ပါဘူး။ အကြောင်းကတော့ လက်တစ်ဖက်မှာ လက်ချောင်းသုံးချောင်းနဲ့ လက်မ တစ်ခုတည်း ပါလာတဲ့အပြင် ခြေထောက်တစ်ဖက်စီမှာလည်း ခြေချောင်းလေး ချောင်းသာ ပါဝင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ Francesca တစ်ယောက် အသက် ၈ နှစ်အရွယ်မှာ ဆရာဝန်က သူမရဲ့ ပုံစံအရ ဘယ်တော့မှ တင်းနစ်ချန်ပီယံကစားသမားတစ်ယောက် မဖြစ်လာနိုင်ကြောင်း၊ တင်းနစ်ကစားဖို့ကို တော်တော်လေး ကြိုးစားရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် Francesca တစ်ယောက် လုံးဝကို လက်မလျှော့ခဲ့ပါဘူး။
View this post on Instagram
Francesca ဟာ အသက် ၉ နှစ်ကနေ ၁၆ နှစ်အထိ တင်းနစ်ချန်ပီယံ Andy Murray တည်ထောင်ထားတဲ့ ဘာစီလိုနာမြို့ရှိ Sanchez Casal Academy သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ အခုဆိုရင်တော့ Francesca ဟာ Australian Opne ပြိုင်ပွဲမှာ ဝင်ရောက်ယှင်ပြိုင်ဖို့အတွက် ဝင်ခွင့်ရသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ “ငယ်ငယ်တုန်းကတော့ တော်တော်လေးကို စိတ်ဓာတ်ကျခဲ့ရတာပါ။ ဒါပေမယ့်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်၊ အကောင်းမြင်စိတ်ထားခဲ့တဲ့အတွက်ကြောင့် ဒီနေ့လို အမျိုးသမီးတင်းနစ်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပါတယ်”လို့ Francesca က news.com.au သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw