အိတ်ဆောင်ပီယာနိုတွေရောင်းပြီး နေ့ချင်းညချင်း စီးပွားဖြစ်လာတဲ့ ကောင်မလေး

Youtube/ 叶随风

တူရိယာပစ္စည်းတွေထဲမှာ စန္ဒယားတွေဟာ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းသယ်ဆောင်ရ ခက်ခဲတဲ့တူရိယာတွေပါ။ ဒါပေမယ့် စွန့်ဦးတီထွင်သူ အမျိုးသမီးလေးတစ်ယောက်ကတော့ အလွယ်တကူခေါက်သိမ်းယူသွားနိုင်တဲ့ စန္ဒယားတွေအပေါ်မှာ အခြေခံပြီး စီးပွားဖြစ်လျက်ရှိနေကြောင်း asiaone သတင်းအရ သိရပါတယ်။

၎င်းအမျိုးသမီးလေးဟာ (၁၉၉၆) ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူငယ်တန်းအရွယ်တည်းက စန္ဒယားကို သင်ယူတီးခတ်ခဲ့တာပါ။ စန္ဒယားလို့သာ ခေါ်ရပေမယ့် အဲ့ဒီအချိန်တုန်းက ကလေးအရွယ်ဆိုတော့ အီလက်ထရောနစ် ပီယာနိုသာ တီးခတ်ခဲ့ရတာပါ။ သူမနာမည်ကတော့ အေဂျန်ပဲ ဖြစ်ပါတယ်။

Youtube/ 叶随风

သူမအထက်တန်းကျောင်းတက်တဲ့အခါမှာတော့ ကျောင်းစာတွေများလာတာရယ်၊ ငွေရေးကြေးရေးအခက်အခဲတွေ ရှိလာတာရယ်ကြောင့် စန္ဒယားဆက်မတီးနိုင်တော့ပါဘူး။  အထက်တန်းကျောင်းအပြီး နွေရာသီအားလပ်ရက်အတွင်းမှာတော့ အေဂျန်ဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး အပိုဝင်ငွေရအောင် စန္ဒယားအချိန်ပိုင်းလိုက်တီးတဲ့အလုပ်ကိုလည်း လုပ်ကိုင်ပါတယ်။ ဒါနဲ့ ကျောင်းပြီးလို့ သူမတက္ကသိုလ်တက်ရတဲ့ အချိန်မှာလည်း စန္ဒယားတီးမပျက်ရအောင်ဆိုပြီး အီလက်ထရောနစ်ပီယာနိုတွေကို အွန်လိုင်းမှာ ရှာပါတယ်။

READ
သင့်ဘဝမှာ ပိုပြီးပျှော်ရွှင်လာစေမယ့် ထိရောက်တဲ့နည်းလမ်း(၈)ခု

သူမသွားတွေ့တာက ခေါက်သိမ်းလို့ရတဲ့အပြင် ဈေးလည်းသက်သာ၊ နေရာခပ်ကျဉ်းကျဉ်းတွေမှာလည်း တီးခတ်နိုင်တဲ့ အီလက်ထရောနစ်ပီယာနိုတွေ ဖြစ်ပါတယ်။ တေးဂီတကိုလည်း ၀ါသနာပါတဲ့အပြင် စီးပွားရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း သူမမှာရှိတာကြောင့် အေဂျန်ဟာ ပီယာနိုတွေကို ကိုယ်တိုင်တီး၊ အသံသွင်းပြီး ပရိသတ်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

(၂၀၁၆) ခုနှစ်မှာတော့ အေဂျန်ဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ ခေါက်ပီယာနိုတွေကို သူမကိုယ်တိုင် အွန်လိုင်းပေါ်တင်ကာ ရောင်းချခဲ့ပါတယ်။ တစ်လအတွင်းမှပဲ တစ်ခုကို  ၃၅၈ယွမ်(ဒေါ်လာ၇၀) ရှိတဲ့ ပီယာနိုအခုပေါင်း (၁၄,၀၀၀) ကို ရောင်းချနိုင်ခဲ့ပါတယ်။ သူမကုမ္ပဏီဟာ အလွန်လျင်မြန်စွာပဲ ဖွံ့ဖြိုးခဲ့ပြီး အခုဆိုရင် လူပေါင်း(၅၀) တောင် ငှားရမ်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အေဂျန်ဟာ အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးပေမယ့် ကိုယ်ပိုင်စီးပွားရေးနဲ့ အလားအလာကောင်းနေတဲ့ အတုယူဖွယ် ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့တာပါ။ သူမဟာ ပီယာနိုအပြင် ဒရမ်တွေလည်း ရောင်းချတယ်လို့ သိရပါတယ်။

READ
ခြေတံရှည်ကြီးကြောင့် လှောင်ပြောင်ခံခဲ့ရပေမယ့် လက်ရှိမှာ အောင်မြင်နေတဲ့ မော်ဒယ်မလေး

လင်းလင်း (ShweMom)

SHARE